" ☘💔☘"

1.1K 111 11
                                    

" A Promise For Love " [Part-21]

"ဘာလို့ ဆေးမသောက်ချင်ရတာလဲ
အကြောင်းပြချက်ပြော hyung.."

"မရေရာတဲ့အကြောင်းပြချက်တွေနဲတော့
ဆေးသောက်ဖို့ကို ငြင်းမနေနဲ့ Hyung.."

ညဘက် (9) နာရီလောက်မှာ ဆေးတိုက်နေသော ညီဖြစ်သူ ကင်ထယ်ယောင်းနှင့်.. မသောက်ချင်ဘူးအတင်းငြင်းနေသူ ကင်ယောင်မင်း (ခေါ်) ပတ်ဂျီမင်း...တို့ ညီအကိုနှစ်ယောက် အခြေအတင် ဖြစ်နေသော အသံပင်...

တယောက်က ဆေးချော့တိုက်နေတာကို တယောက်ကလဲ လုံးဝမသောက် ကြာတော့ ချော့ပြောတဲ့သူဟာ လေသံမာလာပြီး..ရှေ့က နေမကောင်းသူအား ပါးစပ်အား အတင်းဖွင့်ကာ တိုက်ပစ် လိုက်ချင်သည်... ။

"Hyung " တော်တော် လက်ပေါက်ကပ်တာပဲ..
ဘာလဲ... အသေခံမလို့လား...
အသေခံ လိုက်တာနဲ့.. ကိစ္စတွေက ပြီးသွားရောလား ..ဖြစ်ပြီးသားတွေက ပျောက်ပျက်သွားရောလား...."

"Hyung ဘာသာသေတာကိစ္စ မရှိဘူး..
ကျန်ခဲ့တဲ့မိသားစု တွေ Hyung ကိုချစ်တဲ့သူတွေတွက် ထည့်မတွေးတော့ဘူးလား.. ဟင်.."

"ရော့... သောက်ချင်သောက် မသောက်ချင်နေ..
Jungkook လဲ ဟိုမှာ အဆင်မပြေဘူး.. Hyung ခုလိုဆေးမသောက်ပဲနေလို့ သူလဲ ထမင်းမစားဘူးဆိူဘူး အငတ်ခံနေတာ နှစ်ရက်ရှိပြီ...."

ထိုသို့ ပြောလိုက်တော့မှ မျက်လုံးပြူး မျက်စံပြူးလေးနဲ့...Jimin hyung

ကျွန်တော့် လက်ထဲက ဆေးနဲ့ ရေအား ဖြတ်ခနဲယူကာ.. မော့သောက်လိုက်သော သူ...

ဒါနဲ့များ..မချစ်ချင်ယောင်ဆောင်နေသေးတယ်.. သူလူတစ်ခုခုဖြစ်သွားမှာကိုကျ သူ့အသက်ထက်ပိုစိုးရိမ်သေးတာပဲ.....
ဟင်း...ငါ့အကို နဲ့တော့... ဘယ်ချိန်ထိ ခံစားနေရတာတွေ မြိုသိပ်ထားမှာလဲ...

ဆေးသောက်ပြီးပြီဆိုတော့ hyung လဲဆက်ပြီး ဒုက္ခမပေးချင်တာနဲ့ တယောက်ထဲ အနားယူစေရန် အခန်းလေးထဲက ထွက်ဖို့ရာ တံခါးပေါက်ဆီသို့ လျှောက်လာခဲ့ပြီး တံခါးပိတ်ခါနီးတွင်...

"A Promise For Love🤙"[Completed]Where stories live. Discover now