A Promise For Love (Part-13)
Omma...
Jungkook.. သားလေး.. အိပ်ရာက နိုးလာပြီလား..
Omma..Jimin hyung ရော ပြန်လာပြီလား..
သားရယ်...ငယ်ဘဝ.. သူ့ဘဝ ထဲကနေ Jimin ထားသွားတဲ့နေ့မှစ.. မနက်တိုင်း သူ့အမေကို မေးနေကြ မေးခွန်းလေး တခု... နေ့တိုင်း.. jimin တို့ အိမ်ရှေ့ သွားစောင့်ခဲ့တယ်.. နေ့တိုင်း.. အတူတူ စိုက်ထားတဲ့ သစ်ပင်လေးရှိရာဆီ ကို သွားစောင့်နေခဲ့တယ်.. သူများ ပြန်လာမလား ဆိုတဲ့ စိတ်နဲ့...
လူတွေက jimin hyung ကို ဆုံးသွားပြီတဲ့ မရှိတော့ဘူးတဲ့...အားလုံးက ဝိုင်းပြောခဲ့ကြပေမဲ့..
ကျွန်တော် က လက်မခံနိုင်ဘူး.. hyung နဲ့ ကျွန်တော် နဲ့ကြားမှာ ကတိတွေ ထားခဲ့ကြတယ်.. မခွဲပါဘူး လို့...ဘယ်သူတွေ ဘယ်လောက်ပဲ ပြောပြော.. ကျွန်တော် အထက်တန်းရောက်ကတည်းက..Omma ဆီ အပူကပ်ကာ လူငှားပြီး ကိုရီးယား မြို့အနှံ့ လိုက်ရှာ နေခဲ့တယ်..
ဒါကို သိသွားတဲ့ ကျွန်တော်အဖေ က ကျွန်တော်ကို ရူးနေလားတဲ့... ကျွန်တော်အဖေ ပြောပေမဲ့.. ကျွန်တော့်ရန်သူပဲ... ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖျက်စီးခဲ့သူ..မိသားစု တစုကို ပြိုကွဲစေသူ.. မို့.. မုန်းပစ်ခဲ့တယ် ခုထက်ထိတိုင် ..ဒါကိုတောင် ကျွန်တော် လိုက်စုံစမ်းနေတာကို သိသွားခဲ့ပြီး... ကျွန်တော့်ကို နိုင်ငံခြားမှာ ပညာသင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အတူ.. ပြည်ပ ကို ပထုတ်ခဲ့တယ်...
ကျွန်တော်သည်လဲ အချဥ်မဟုတ်...
နိုင်ငံခြားက ပြန်လာတာနဲ့.. company ကိုဦးဆောင်ခွင့် ပေးရမယ် ဆိုတဲ့ ကတိ တခုကို ရမှ သွားမယ် ဟုဆိုကာ..ပြန်အကြပ်ကိုင်ခဲ့တော့.. အဲကတိ တခုနဲ့ အတူ နိုင်ငံခြား မှာသွားပြီး ပညာသင်ခဲ့တယ်..Company ကို ဦးဆောင်မယ်ဆိုတာ.. ကျွန်တော် ပိုင်ဆိုင်ချင်လို့ရယ်မဟုတ်... တယောက်သောသူသာ ပြန်လာခဲ့ရင်..ပိုင်ရှင်လက်ထဲ ပြန်အပ်ရန်သာ..တွေးထားခဲ့ပြီး...အဖေ့ လက်ထဲမှ..ပြန်လုခဲ့ခြင်းဖြစ်သည်....။
သို့ပေမဲ့.. ခု တော့ပိုင်ရှင် ပြန်ရောက်လာခဲ့ပေမဲ့..
သူ့မှာ မိသားစု လေး နှင့် ပျော်ရွှင်နေလေပြီ..
အတိတ် ကိုပြန်ထိုးစွ ပြီး နာကျင်အောင်မလုပ်ရက်..
Hyung များ အကြောင်းစုံသာ သိသွားခဲ့ရင်.. ကျွန်တော့်ကို မုန်း မယ်ထင်...မိတဲ့ အတွက်..ဒီတိုင်းလေးပဲ.. ဒီတိုင်းလေးပဲ.. hyung ဘေး နေချင်သေးသည်... ။
YOU ARE READING
"A Promise For Love🤙"[Completed]
FanfictionIntro....🤙 ကတိဆိုတာ လွယ်လွယ်နဲ့ထားခဲ့တာမဟုတ်ဘူးမလား........။ Hyung.. ဘာပဲ ဖြစ်ဖြစ် Hyung ကျွန်တော့်ဆီတနေ့ ပြန်ရောက်လာမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပြီးစောင့်နေပါ့မယ်..... ။ (Unicode+Zawgyi) Intro....🤙 ကတိဆိုတာ လြယ္လြယ္နဲ႔ထားခဲ့တာမဟုတ္ဘူးမလား...