"A Promise For Love " [ Ending]......
"ဟူး........မောလိုက်တာကွာ.. မင်းဆီလာရတာ..
ငါတို့မှားသွားတာ...
မင်းကို တောင်အောက်မှာ စိုက်လိုက်ရမှာ...
ခုတော့ မင်းဆီတစ်ခါ တစ်ခါ တက်လာဖို့က တော်တော် အားယူရတယ်....""ဟူး....."...
ဒါကတော့... အတူစိုက်ခဲ့သော သစ်ပင်ကြီး အောက် အမောဖြေရင်း... ညီးနေသူ Joen JungKook.. ဆိုသူပေါ့...
အမှတ်တရ တွေက ဒီနေရာက စခဲ့တယ်လေ...ကျောင်းဆင်း စက်ဘီး ပြိုင်စီးခဲ့ကြတာတွေ...
အတူတူ ကျောင်းပြေးရင်း.. ဆော့ခဲ့တာတွေ...
ဒီအပင်လေး ကလဲ အမှတ်တရ များထဲက အမှတ်ရဆုံး တစ်ခုပင်...ငယ်ငယ်က အမှတ်တရများထဲ မပျောက်ပျက်ပဲ
ကြီးမားလာတာ ဆိုလို့ ဒီအပင်လေးကနေ.. ခု 12 နှစ်တာ ကာလအတွင်း အတော်ကြီးမားလာသော အပင်ကြီးအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ...."ဒီနေ့တော့ မင်းပန်းတွေ ဘာတွေ ပွင့်လို့ပါလား.."
"မင်းကတော့ ကောင်းကောင်းကြီးပြင်းလာတာပဲ
ငါအားကျမိပါတယ်မင်းကို..
ဟင်း...~~~~"သူရော.. အဆင်ပြေလောက်ပါတယ်နော်...
ဟုတ်တယ်မလား..အဆင်ပြေနေမှာပါ...
ငါ လဲ အဆင်ပြေနေတယ် လို့ ပြောချင်ပေမဲ့
ငါခုထိ သူလာဖို့ကို စောင့်နေမိတုံး ...""ငါတော်တော်ရူးတယ်မလား..
မင်းသိလား...အဲအချိန်တုံးက မင်းလဲ ဒီမှာရှိခဲ့တယ်လေ ...မင်းအရှေ့မှာ ပဲ
Jimin hyung က ငါ့ကို တနေ့ကျရင်..
ဒီလက်စွပ်လေးကို သူကိုယ်တိုင်
ဝတ်ပေးမယ်ဆိုပြီး ကတိပေးခဲ့တာ..."ဟု ပြောလေတော့..
သစ်ပင်ငယ်က သိတယ်လို့ပြန်ပြောနေသယောင်.. မက်မွန်ပွင့်ငယ်တို့ရဲ့ ပွင့်ဖတ်တို့က လေတိုက်ရာ တဖြုတ်ဖြုတ် ကြွေဆင်းပြီး ထောက်ခံနေလေရဲ့.."အဲကတိ ကငါတို့နှစ်ယောက်ကြား
ရှိသေးမယ်မလား..."
"သူ အဲကတိကိုမေ့များမေ့လိုက်ပြီလား
မသိဘူးငါ့ဆီ ဒီနေ့လဲ ရောက်မလာခဲ့ပြန်ဘူး..."ပေးခဲ့တဲ့ ကတိလေးကို.. အမှတ်တရ
သစ်ပင်ငယ်လေးဘေး ကျောကပ်ထိုင်ကာ...
ငိုချင်နေသော စိတ်ဆန္ဒ တွေကို
ထိန်းချုပ် ထားသော ကောင်လေးတယောက်ဟာ...ငယ်ငယ်က ပေးခဲ့တဲ့ ကတိလေးကို
တည်ဖို့ရာတွက်.. တယောက်သောသူ
ရောက်လာမဲ့ အချိန်လေးကို..
ဒီမက်မွန်ပင်ငယ်လေးနှင့်အတူ
နေ့တိုင်းလာစောင့်နေလျက်...
အလွမ်းတို့ကို အတိုးချကာ...
ပြုံးတစ်ခါ ငိုတလှည့်ဖြင့်...
ချစ်ရသူ၏ လာရာလမ်းလေးကို
မျှော်လင့်နေသတဲ့.... ....
YOU ARE READING
"A Promise For Love🤙"[Completed]
FanfictionIntro....🤙 ကတိဆိုတာ လွယ်လွယ်နဲ့ထားခဲ့တာမဟုတ်ဘူးမလား........။ Hyung.. ဘာပဲ ဖြစ်ဖြစ် Hyung ကျွန်တော့်ဆီတနေ့ ပြန်ရောက်လာမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပြီးစောင့်နေပါ့မယ်..... ။ (Unicode+Zawgyi) Intro....🤙 ကတိဆိုတာ လြယ္လြယ္နဲ႔ထားခဲ့တာမဟုတ္ဘူးမလား...