"Love To Love"

1.3K 135 15
                                    

"A Promise For Love " [ 22]

"မင်းတောင် တော်တော် ကြီးပြင်းလာပြီပဲ...
မင်းကို အနီးကပ် မပြုစု နိုင်ခဲ့လို့ တောင်းပန်ပါတယ်ကွာ..
မင်းကတော့ ငါမရှိလဲ ကောင်းကောင်းကြီးပြင်းလာတာပဲ..
ငါ ကတော့.. သူမရှိ ရင် အဆင်ပြေနိုင်ပါ့မလား.. ခုထိ ငါမသိသေးဘူး..."

"ငါ သူ့ကို အရမ်းလွမ်းတယ်
သတိလဲရတယ်..
ငါကို သူမုန်းနေဦးမှာပဲနော်..
ငါ သူ့အပေါ် အမှားကြီးတစ်ခု မှားခဲ့မိတယ်ကွ
သူ့ အချစ်ကို လိမ်ညာပြီး ရယူခဲ့မိတယ်..
ငါ့ကို သူတစ်သက်လုံး မုန်းသွားပြီထင်ပါတယ်..
ဒီအ​တောအတွင်း တစ်ခါလေးတောင်
လာမတွေ့ခဲ့ဖူး.."

"ဟင်း...ငါ့အပြစ်တွေမို့..ငါကျေကျေနပ်နပ်ကြီးပဲ ခံယူခဲ့ပါတယ်...ဒါပေမဲ့.. သူ့ကိုတစ်ခါလောက်ပဲ တွေ့ပြီး..တောင်းပန်စကားဆိုချင်ပေမဲ့..
ငါတွေ့ရမှာကြောက်နေတယ်"

".ငါသူရဲဘောကြောင်တဲ့ကောင်မလား..
သူနဲ့ ထပ်ဆုံပြီးမှ.. ငါ့ကိုမုန်းတယ် ဆိုပြီး သူ့နှုတ်ခမ်းက ထွက်ကျလာမဲ့ စကားတွေကို မရင်ဆိုင်ရဲဘူးကွာ..."

"အရင်လို အချစ်ရိပ်သန်းနေတဲ့ မျက်ဝန်း​လေးတွေဆီက.. ငါ့ကိုကြည့်မဲ့ အမုန်းတွေပြည့်နှက်နေမဲ့ အကြည့်စူးစူးတွေကို ငါမခံစားနိုင်ဘူး..."

"ငါတို့ နှစ်ယောက် ကံကြမ္မာ ကိုက ဒီလိုဖြစ်ဖို့ ကံပါလာတယ်ထင်ပါရဲ့..."

"Jungkook တယောက် ...ငယ်ငယ်က သူတို့နှစ်ဦးအတူစိုက်ခဲ့ရာ သစ်ပင်လေးဆီသို့ သွားရင်း သူ့အကြောင်းတွေရင်ဖွင့်နေမိခဲ့တယ်..."

"ဟုတ်ပါတယ်.. Jungkook.. အထဲမှ ထွက်လာပြီး ငယ်ငယ်ကအမှတ်တရများရှိရာ ဘူဆန်မြို့လေးဆီပဲ ပြန်လာခဲ့တယ်..
ယောင်းတို့ကို ထပ်ဒုက္ခ မပေးချင်တဲ့အတွက်.. ထွက်လာမဲ့အချိန်ကိုတမင် ညာခဲ့ပြီး.. ယောင်းတို့လာမကြိုခင် အစောကြီးထဲက ထွက်လာခဲ့ပြီး.. သူတို့နဲ့ဝေးရာ ဆီ ထွက်ပြေးလာခဲ့မိတယ်..."

ထို့နောက် ထောင်ထဲမှ ထွက်လာလာချင်း ပထမဆုံးသွားခဲ့မိတာ...အဖေ နဲ့ အမေ အုတ်ဂူလေးတွေဆီသို့.....

"A Promise For Love🤙"[Completed]Where stories live. Discover now