[Unicode]
ဒီနေ့ကတင်းဂွေနေ့လေ ဘေဘီ...🎶ရှိုင်း တစ်ယောက်မှန်တင်ခုံရှေ့မှာ သီချင်းတညည်းညည်းနှင့် ဆံပင်သနေလေရဲ့...ဒီနေ့ကတနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်တာကြောင့် သူ့crushကြီးနဲ့သူမတွေ့ရဘူးလေ...
ဒါပေမဲ့ ရှိုင်း ဆိုတာကလဲ ထိုဆံပင်ရှည်ရှည်နှင့်ခန့်ညားတည်ကြည်ချောမောနေတဲ့ crushကြီးမှ တစ်ရက်မမြင်ရမနေနိုင်ဖြစ်နေလေတော့ သူရှိရာဆီသွားချောင်းရမည်...မနေ့ကစနေနေ့ကလဲ သွားချောင်းပြီးပြီလေ...
အာ....ဒီနေရာမှာ ချောင်းတယ်လို့မသုံးနှုန်းသင့့်ဘူး....ဒါဆို ဘယ်လိုသုံးသင့်လဲ...ရေလာမြောင်းပေးသွားလုပ်တယ်လို့ဆိုရမလား..ဒါဆို သူကမိန်းကလေးဖြစ်သွားမှာပေါ့...
အာ...မသိတော့ဘူး....ချောင်းတယ်ပဲဆိုဆို ရေလာမြောင်းပေးလုပ်ရုံမက ဆည်ဖောက်တယ်ပဲခေါ်ခေါ် အဓိက က အဓိကပဲ....(အဓိက=crushကိုမြင်ရဖို့အရေးကြီးသည်)
အတွေးတို့ကိုလက်စသတ်ပြီး မှန်ထဲကသူ့ပုံလေးကို တစ်ချက်ပြန်showလိုက်တယ်...
နူးညံ့သည့်ဆံပင်အညိုရောင်လေးများက နဖူးထိအုပ်ကျနေပြီး တီရှပ်အနက်လက်တိုနှင့် ဒူးအတိ ဂျင်းဘောင်းဘီလေးကိုတွဲဖက်ဝတ်ဆင်ထားသည့် သူ့ပုံစံလေးက ချစ်စဖွယ်အတိ...
မှားလို့ ချစ်ဖို့ကောင်းတာမဟုတ်ဘူး...ချောပြီးဆွဲဆောင်မှုရှိတာ....ok...ဒီလောက်ဆိုရပြီ...perfectပဲ...
ပြင်ဆင်ပြီး၍ လက်ကနာရီကိုတစ်ချက်ကြည့်တော့ မနက်ဆယ်နာရီထိုး....
"သားရေ...သူငယ်ချင်းတွေရောက်နေပြီ...!!!"
"ဟုတ်...လာပြီ...မား.."
အောက်ထပ်မှ မား ခေါ်သံကြောင့် သူဆင်းလာတော့ ထမင်းစားပွဲဝိုင်းမှာအခန့်သားထိုင်နေပါသည့် အငေါင်နှစ်ကတ်..
ရုပ်တွေကိုက စပ်ဖြီးဖြီးနဲ့....ဘာကောင်တွေမှန်းမသိ...
"မင်းတို့အိမ်က မကျွေးလိုက်လို့သူများအိမ်လာစားနေတာလား..မသာတွေ"
"စားချင်လို့စားတာမဟုတ်ဘူး...အန်တီမေမေ့လက်ရာကြိုက်လို့လာစားတာ..."သူ့အပြောကို ငသက်က ပြန်ချေပသည်။
YOU ARE READING
I'm Gay Only For You