[Unicode]
မနက်ခင်းရဲ့နေရောင်ခြည်တို့က ပြတင်းပေါက်လိုက်ကာတို့ကို ကျော်ဖြတ်ကာ ကုတင်ပေါ်ထက် အိပ်ပျော်နေပါသည့် လူသားထံ အပြေးအလွှားနှုတ်ဆက်ကြလေ၏။
ကုတင်ဘေးက နှိုးစက်ကလဲ အချိန်ကိုက်မြည်လာလေသည်။
စူးရှနေသည့်အလင်းရောင်နှင့် နှိုးစက်သံတို့ကြောင့် ခေတ်စနစ် အိပ်မှုန်စုံဖွားနှင့် နိုးလာလေပြီ။
အိပ်ရေး၀၀ အိပ်ထားရတာကြောင့် သူ့စိတ်တို့ ကြည်လင်နေပါသည်။ထိုသို့ အိပ်ရေး၀၀ မအိပ်ရသည်မှာ ဘယ်လောက်ကြာပြီမှန်းတောင်သူမသိတော့။
သူအိပ်တိုင်းမှာ အိမ်မက်အဖြစ်နဲ့ ဝင်ရောက်လာတဲ့ သူမလိုချင်ခဲ့တဲ့ ဖြစ်ရပ်တွေ။ပြီးလျှင် သူ့မှာ လန့့်နိုးလာရပြီး ပြန်အိပ်လို့မရတော့။
တစ်ခါတစ်လေ ညလုံးပေါက် အိပ်မပျော်တဲ့ နေ့များလဲရှိတတ်သေးသည်။ထိုနေ့များမှာတော့ ကျောင်းသွားဖို့ပြင်ဆင်ရမည့်အချိန်ကို နှိုးစက်ပေးကာ တစ်ညလုံးမအိပ်ထားသည့် မျက်လုံးတိ့ုကို အနားပေးရလေသည်။
သို့ပေမဲ့ မနေ့ညကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်မှာ ထူးဆန်းလှသည်။အိပ်ပျက်ညတွေများလာလို့ သူ့ခန္ဓာကိုယ်က မခံနိုင်တော့တာကြောင့်များလား...။
ထားပါလေ......ဘာကြောင့်ဖြစ်ဖြစ်ပါ...
ရေချိုးပြင်ဆင်ပြီးတော့ မှန်ထဲက သူ့ရုပ်သွင်ကို ကြည့့်မိသည်။
ပုခုံးစပ်ထိ ရောက်နေပြီဖြစ်သည့် ဆံပင်ရှည်တွေ...တစ်စုံတစ်ယောက်သာ ရှိနေရင် သူ့ကို ဆူပူပြီး ဆံပင်ညှပ်ဆိုင်ဆွဲခေါ်သွားမှာ အသေအချာပင်။
ယောကျ်ားလေးတွေ ဆံပင်ရှည်ထားရင် လုံးဝကြည့့်မရဘူးဆို...အခု ကိုယ့်ဆံပင်တွေရှည်နေပြီလေကွာ...
တီးတိုးရေရွတ်ကာ သက်ပြင်းချမိသည်။ဆံပင်တွေကို နောက်သို့ လျော့လျော့ရဲရဲစုစည်းလိုက်သည်။ပုံမှန်ဆို ကျောင်းက ဆံပင်ရှည်ထားခွင့်မပြုဘူးဆိုပေမဲ့ သူ့ကိုခြွင်းချက်ပေးထားလေသည်။တစ်ချို့အကြောင်းအရာများကြောင့်ပေါ့လေ...။
YOU ARE READING
I'm Gay Only For You