[Unicode]
ရှိုင်း တစ်ယောက် သူစီစဉ်ထားသည့်အတိုင်း အရာအားလုံး လုပ်ပြီးချိန်မှာတော့ သက်ပြင်းမော တစ်ခု ချမိသည်။
ဒီလိုနေရာမှာ သူ့ကျွမ်းကျင်မှုကို ထုတ်ပြရတော့မည်လေ။ crushကို ပိုးပန်းတယ်ဆိုတာက ရိုးရိုးလမ်းစဉ်အတိုင်း သွားလို့မရဘူးလေ။ အရိုးရှင်းဆုံးက အဆန်းဆုံးဆိုပေမဲ့လို့ နဲနဲတော့ အသစ်အဆန်းထွင်ဖို့လိုလေသည်။
အခုတော့ သူပြင်ဆင်ပြီးသွားလေပြီ။သူ့အစီအစဉ်အောင်မြင်မလားဆိုတာကတော့ ခေတ်စနစ်ပေါ် မူတည်တာပေါ့လေ။
ပြီးတော့ ရှိရှိသမျှ နတ်ကောင်းနတ်မြတ်တွေရဲ့ အကူအညီလေးနဲ့ဆိုရင်တော့ ရှယ်မှာ ဇွန်းတပ်ပြီးသားပေါ့။
ဒီတော့လဲ ရှိုင်းတို့ ဖင်ပူးတောင်း ထောင်ပြီးဆုတောင်းရချေပြီ။
ရှိရှိသမျှ နတ်ကောင်းနတ်မြတ်အပေါင်း၊ မိဆိုင်ဖဆိုင် နတ်အပေါင်းနဲ့ ကိုယ်စောင့်နတ်ပါမကျန် ဝိုင်းဝန်းကူညီကြပါ ဘုရား.....
-------------------------------------
"ဟေ့ကောင် မြန်မြန်ထည့်ဟ လူရှင်းတုန်းလေး လုပ်ရတာကို အချိန်ဆွဲနေသေးတယ်"
"ဟုတ်သားပဲ မင်းကလဲ ထဲ့စရာရှိတာ မြန်မြန်မထဲ့ဘူး...အခုနေ လူဝင်လာရင် ငါတို့သုံးယောက်လုံး သွားပြီနော်..."
"အေးပါဟ...လက်တုန်ရတဲ့အထဲ မင်းတို့ကတစ်မျိုး....ရပြီ ရပြီ.."
"အား!!!!!!!"
ထိုအသံပိုင်ရှင်တွေကတော့ ဘယ်သူလဲမမေးပါနှင့်။
သင်တို့ထင်နေတဲ့အတိုင်း ငမွှေထိုး သုံးကောင်ပါပဲ...။ဖြစ်စဉ်ကတော့ ဒီလိုပေါ့...။ခေတ်စနစ်ရဲ့ အ့ဆွဲထဲ စာခိုးထည့်နေတာက ရှိုင်း..
အခန်းဝကနေ လူစောင့်ပေးနေတာကတော့ ငသက်...
"အား!!!!"ဆိုပြီး အသံပြဲကြီးနဲ့ ထအော်တာကတော့ ရှိုင်းအနောက်ကနေ လိုက်စပ်စုနေလို့ ခြေထောက်နင်းခံလိုက်ရတဲ့ ငအောင်ပေါ့...။ခြေထောက်တက်နင်းခံလိုက်ရတဲ့ ငအောင်ကတော့ မျက်နှုကြီးရံှု့မဲ့ကာ ရှိုင်းအား ဆဲပါတော့သည်။
ရှိုင်းတစ်ယောက်မှာတော့ ငအောင့်ဆဲသံကို ဂရုမစိုက်အား..။သူ့စိတ်အာရုံတွေကတော့ ခေတ်စနစ်စားပွဲဆီကိုသာရောက်နေလေသည်။
YOU ARE READING
I'm Gay Only For You