[Unicode]
"...အဲဒီနေ့က ငါတို့လေးယောက် အရမ်းပျော်ခဲ့ကြတာ"
"...ငါတို့တစ်နေကုန်လျှောက်သွားကြတယ် မုန့်တွေလဲ လျှောက်စားခဲ့ကြတယ်"
ရှိုင်းတစ်ယောက် ခေတ်စနစ်ပြောလာသည်တို့ကို ဘာစကားမှမဆိုမိပဲ ငြိမ်နားထောင်နေမိသည်။
သူ့ဘေးရှိ လူကို တစ်ချက်စောင်းကြည့်မိတော့ ထိုသူက အုတ်ဂူဖြူဖြူလေးကိုသာ ငေးကြည့်နေလေသည်။
သူပထမဆုံးအနီးကပ် မြင်ဖူးသည့် ထိုသူရဲ့ မျက်ဝန်းတို့မှာ ဝမ်းနည်းရိပ်တို့ထင်ဟပ်လျက်။
ဒီလိုအချိန်မှာ ဘယ်လိုစကားနဲ့ဘယ်လိုနှစ်သိမ့်ရမည်ကို သူမသိ။ထို့အပြင် ခေတ်စနစ်အတွက်လည်း နှစ်သိမ့့်စကားတို့ လိုအပ်မည်မထင်ပါချေ။ထိုသူ လိုအပ်နေသည်က သူပြောသမျှ သူ့ခံစားချက်တို့ကို နားထောင်ပေးနိုင်မည့် တစ်စုံတစ်ယောက် ဖြစ်ဟန်တူပါ၏။
ခေတ်စနစ်က ပြောလက်စစကားကို ရပ်ကာ သူ့အားခေါင်းငဲ့ကြည့်လာသည်။
မျက်ဝန်းချင်းဆုံမိသည့်အခိုက်အတန့်။
ဘုရားရေ!!!သူ့အသက်ရှုသံတွေတောင် ရပ်တန့့်သွားသလိုပါပဲလား။
ခေတ်စနစ်က ခပ်ဖွဖွပြုံးကာ ခေါင်းပြန်လှည့်သွားပြီး စကားဆက်ပြော၏။
ထိုအချိန်မှာပဲ ကြည်လင်နေသည့် ကောင်းကင်ယံမှ မိုးရေတို့က အဆက်မပြတ် သဲကြီးမဲကြီး ရွာချလာတော့သည်။
နှစ်ယောက်လုံးမိုးခိုရန် စိတ်ကူးမရှိပဲ ရပ်နေမြဲအတိုင်းသာ ဆက်ရပ်နေမိသည်။
ဆူညံနေသည့် မိုးသံလေသံကြားမှ ခေတ်စနစ်အသံက တစ်ဖန်ထွက်ပေါ်လာသည်။
"အဲဒီနေ့ကလဲ အခုလိုပဲ မိုးတွေ အရမ်းရွာနေခဲ့တာလေ"
"...သူတို့က ပြောတယ် ဒီနေ့သွားရင် အရမ်းအန္တရာယ်များတယ် နောက်နေ့မှသွားပါလားတဲ့"
"ဒါပေမယ့် ငါနားမထောင်ခဲ့ဘူး ငါသွားချင်တဲ့ အဲ့ဒီခရီးကို ရောက်အောင်သွားမယ်ဆိုပြီး ငါခေါင်းမာခဲ့တယ်"
"သူတို့က ငါ့ကိုချစ်ပါတယ် ငါ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်ဆိုပြီး လိုက်လာခဲ့ကြတာ"
YOU ARE READING
I'm Gay Only For You