[Unicode]
-----------------စာသင်ချိန်တစ်ချိန်လုံး ကန်တင်းမှာ အချိန်ဖြုန်းပြီးနောက် နောက်အတန်းချိန်များအတွက် ရှိုင်းမှာ သူငယ်ချင်းနှစ်ယောက် ဆွဲခေါ်ရာနောက် ပါလာတော့သည်။
"လာစမ်းပါကွာ မင်းကို ခေတ်စနစ်က ကိုက်မစားပါဘူး..."
အောင်ဇော်ထက် စကားကို သက်ကိုကိုကလဲ ထောက်ခံလာသည်။
"အေးလေ အေးလေ မနေ့ကမတွေ့ရတော့ သေမလိုရုပ်နဲ့ အခုတွေ့တော့ ပတ်ပြေးနေတာ ဟိုက မင်းကိုသတိတောင်ထားမိမှာမဟုတ်ဘူး"
ဤသို့ဤနှယ် သူငယ်ချင်းနှစ်ယောက်ရဲ့ဆွဲခေါ်မှုကြောင့် သူ့မှာအတန်းထဲရောက်လာရသည်။
အတန်းထဲရောက်လာတော့ အသံတွေကြောင့်ထင်၏။ ခေတ်စနစ်က သူတို့ကိုလှည့်ကြည့်လာသည်။
အကြည့်တစ်ချက်...
ဘာအဓိပ္ပါယ်မှမပါဝင်ပါပဲ သာမန်မျှသော ထိုအကြည့့်တစ်ချက်ကြောင့်ပင် သူသေနိုင်လောက်ပါသည်။
အား!!!!ခေတ်စနစ်ရယ် ခင်ဗျားက ကျွန်တော့်ကို အသေသတ်နေတာပဲ....
ရင်တုန်တုန်နဲ့ပဲ သူ့ခုံ၌ ဝင်ထိုင်ပြီး ပထမဆုံးတွေးမိသည်က စာ...။
ဒီနေ့ ခေတ်စနစ်က သူ့ခုံမှာ မိန့်မိန့်ကြီးထိုင်နေတော့ စာကိုသူမသိအောင် ဘယ်လိုထည့်ရပါမည်နည်း။
တစ်နေ့တစ်နေ့ ထိုစာတွေပေးရန်ကြိုးစားရသည်မှာလဲ သူ့အတွက် အလုပ်တစ်ခုပါပင်။မနက်မိုးလင်းလို့ မျက်လုံးပွင့်သည်နှင့်ခေါင်းထဲဝင်လာသည်က တစ်ခုထဲ။
'ဒီနေ့ ခွက်ရှ်ကို စာဘယ်လို ပေးရမလဲ'
အခုလဲ ထိုစာပေးရန် သူကြိုးစားရဦးမည်မို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ရန် လှည့်ကြည့်လိုက်တော့ တစ်ယောက်က မျက်နှာကြီး ရှုံ့မဲ့နေပြီး တစ်ယောက်ကတော့ ပြုံးဖြီးလို့။
ငအောင်တစ်ယောက်ကတော့ တစ်စုံတစ်ယောက်ကို မခံချင်အောင် စနောက်လိုက်ပြန်ပြီထင်ပါရဲ့။
သူစကားပြောရန်ကြိုးစားလိုက်စဉ်မှာပဲ ဆရာက အတန်းထဲ ဝင်လို့လာသည်မို့ မပြောလိုက်ရပေ။
YOU ARE READING
I'm Gay Only For You