👥1 Z+U

50 5 4
                                    

[Unicode]

*အသဲနှလုံးကိုပန်းလိုကုံးလို့
ချစ်ဆုံးသူ့ကိုပေးချင်တယ်...
မချစ်ရင်ချန်..
ချစ်ရင်ပန်ပေါ့...
လက်ခံမယ်ဆို ကျေနပ်တယ်....*

ကဗျာလေးကိုအဆုံးသတ်ပြီး အဝါရာင်စာရွက်လေးကို စာအိတ်လေးထဲထဲ့လို့ ရေမွှေးအနဲငယ်ဖြန်းပြီးအံံဆွဲထဲထဲ့ထားလိုက်တယ္​။

"ခေတ်စနစ်..."

ပြီးတော့စားပွဲလေးပေါ်လက်ထောက်ကာ သူ့နာမည်လေးကိုတိုးတိုးလေးရေရွတ်မိတော့ ရင်ဘတ်ထဲက စနေနံလေးက တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်ကုန်တယ်..။

သူဆိုတာ ရှိုင်း ဆိုတဲ့ကိုယ့်အတွက်တော့ သူ့နာမည်လေးရေရွတ်မိယုံ ကြားလိုက်ယုံနဲ့တင် ရူးလောက်အောင်ပြုစားနိုင်တယ်။

် ခေတ်စနစ် ဆိုတာက 6ပေကျော်တဲ့အရပ် ၊ ကျစ်လစ်သန်မာတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ နဲ့ ယောကျ်ားဆန်ပြီးချောမောတဲ့မျက်နှာရယ်ပေါင်းလ်ုက်တော့ ပျိုမဒီတွေရဲ့အသည်းစွဲတစ်ယောက်ဖြစ်သွားတာ အံံ့သြစရာမရှိပါဘူး..။ပြီးတော့ သူ့ရဲ့ ပုခုံးထိရောက်နေတဲ့ဆံပင်အရှည်တွေကြောင့်လဲပါတာပေါ့။

ပြီးတော့ Shineဆိုတဲ့ကောင်လေးရဲ့ crushကြီးဆိုလဲမမှားဘူးပေါ့လေ။

ယောကျ်ားလေးတွေဆံပင်ရှည်ထားရင်လုံးဝကြည့်မရတဲ့ သူက ခေတ်စနစ် ကိုကျတော့ အသည်းစွဲဖြစ်နေပါသတဲ့..။

ခေတ်စနစ် ကိုစတွေ့တာက ကျောင်းကန်တင်းမှာ..။အဲ့အချိန်တုန်းက ရှပ်အင်္ကျီအနီကွက်လက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်ထားပြီး ဂျင်းဘောင်းဘီအရှည်လေးနဲ့ ပြီးတော့ သူ့ဆံပင်ရှည်ရှည်တွေကိုခပ်မြင့်မြင့်လေးစည်းထားပြီး ကြိုးမမှီတဲ့ဆံပင်လေးတွေက ဖရိုဖရဲကျလို့ ခုံပေါ်မှာ ခြေတစ်ဖက်ချိတ်ထိုင်ပြီးစာငုံ့ဖတ်နေတဲ့သူ့ပုံစံက လုံးဝကို perfectပဲ။

တိတိကျကျပြောရမယ်ဆိုရင် အဲ့နေ့လေးက Shineဆိုတဲ့ အဖြောင့်ကောင်လေးကွေးသွားတဲ့နေ့လေးပေါ့..။

ဒါပေမဲ့ သူကွေးတာ ခေတ်စနစ် ဆိုတဲ့ kingတစ်ယောက်ထဲအတွက်ပဲ။ကျန်တဲ့ကျားတွေအတွက်တော့ shineဆိုတာ ဖြောင့်လိုက်တာမှ လမ်းဘေးဓာတ်တိုင်အရှုံးပေးရပါတယ်။

I'm Gay Only For YouWhere stories live. Discover now