👥 13 U + Z

2 2 4
                                    

[Unicode]

♬ သူငယ်ချင်းလေး ချစ်တယ် ဘယ်လိုပြောရမလဲ ကိုယ်ဒီလို သိပ်သိပ်ချစ်နေတယ် ♬ ♬

ဘေးကနေမျက်နှာလိုက်ကြည့်ပြီး သီချင်းဆိုကာ စနောက်နေသည့် အောင်အောင်ကို ကြည့်ပြီး သက်ကိုကို စိတ်ရှည်တော့။

"yahh!!!!"

သူထအော်တော့ ငနာက အပြစ်ကင်းဟန်နှင့် ပြန်အော်လာသည်။

"Wae!!!!"

အခုတလော K-Dramaတွေကြည့်ပြီး အရူးထနေသည့် ငနာကောင်ကို အရေးမလုပ်ပဲ နေလိုက်တော့သည်။

"ဒါနဲ့ ငအောင် ညနေကျရင် ရှိုင်းဆီသွားမလို့ မင်းလိုက်မှာလား"

ထိုအခါမှ ဒီမနက်ကျောင်းမလာသည့် ရှိုင်းကိုသတိရသွားဟန်ဖြင့်

"အေး ဟုတ်သား မင်းပြောမှငါသတိရတယ် သွားမယ်လေ"

..................

ရှိုင်းအိမ်ပြန်ရောက်တော့ ရေချိုးလိုက်ပြီး တနေကုန်လဲမိုးမိထားတာကြောင့် ဖျားချင်သလိုဖြစ်နေကာ ခေါင်းကိုက်နေသည်မို့ ထမင်းစားဆေးသောက်ပြိး အိပ်ရာထဲဝင်လှဲနေလိုက်သည်။

ခေတ်စနစ်က ကားငှါးပြီးသူ့ကိုလိုက်ပို့ပေးမယ်ပြောပေမယ့် သူလက်မခံခဲ့။

သူဘာကြောင့် ထိုနေရာကို ရောက်နေသလဲဆိုတာကို ခေတ်စနစ်ကမမေးခဲ့သလို သူကလဲ မပြောဖြစ်ခဲ့။
မေးလာခဲ့ရင်တောင် သူ့မှာအကြောင်းပြချက်ရေရေရာရာမရှိခဲ့ပေ။

သူကိုယ်တိုင်လဲ ဘာကြောင့်သွားခဲ့မှန်းမသိ။

သူမနာလိုအားကျဖြစ်နေမိတဲ့ မုဏ်းကို တွေ့ချင်မိတာကြောင့်လား။ဒါမှမဟုတ် နှုတ်ဆက်ချင်ရုံသက်သက်ပဲလား။အကြောင်းပြချက်ကို သူကိုယ်တိုင်တောင်သေချာမသိခဲ့ပါချေ။

"ရှိုင်းရေ !!!ရှိုင်း"

"Fuck!!!"

အတွေးထဲ မြောနေတုန်း အောက်ထပ်မှ အောင်အောင့်ရဲ့ အော်ခေါ်သံကြောင့် သူ့မှာ လန့်ပြီးထထိုင်မိသည်အထိ။

"ဘာလဲဟေ ဘာလဲ မင်းအဖေ အပေါ်ထပ်မှာ တက်လာခဲ့!!!!"

စိတ်တိုတိုနှင့်ပြန်အော်ပေးလိုက်တော့ တဒုန်းဒုန်းနဲ့တက်လာတဲ့ခြေသံတွေ။

I'm Gay Only For YouWhere stories live. Discover now