[Unicode]
......................♬ ♬ သီချင်းတွေထဲမှာ မင်းအမြဲရှိနေတယ်...
ကိုယ့်ရဲ့အတွေးတွေ မင်းပဲ ဖြစ်နေရမယ်....
ခံစားချက်တိုင်းကို ဖန်ဆင်းပေးတဲ့သူ....
ဘဝတစ်ခုလုံးဟာ မင်းကြောင့် လှနေတော့မယ်....ကိုယ့်ခြေလှမ်းတွေ မင်းအမြဲလိုက်နေတယ်...
ကိုယ့်မျက်လုံးမှာ မင်းရဲ့အကြည့်တွေပဲ....
နေ့တွေညတွေ အကုန်သိမ်းပိုက်တဲ့သူ...
ဘဝတစ်ခုလုံးမှာ မင်းက ကိုယ့်သခင်ဖြစ်မယ်....
♬ ♬ ♬
စေလိုရာစေလိုက်တော့ သခင်......
သခင်လိုရာ အဆင်သင့်ဖြစ်မယ်......
အရာရာကို ပိုင်စိုးတဲ့သခင်...
ဆိုနေတဲ့ သီချင်းများ...
ရှင်သန်ရချင်းဘဝ.....
ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့ သခင်......♬ ♬ ♬ ♬ ♬ဖုန်းတစ်ဖက်က ထွက်လာတဲ့ ဂစ်တာသံလေးနဲ့ သီချင်းသံလေးကို နားထောင်ရင်း ရင်ထဲက တင်းကြပ်မှုတွေက ပြေလျော့သွားသယောင်....
ဖုန်းကိုင်ထားရင်း စားပွဲပေါ်က ဓာတ်ပုံလေးဆီအကြည့်ရောက်သွားတော့ သူမတရားလုပ်မိသလို ခံစားလိုက်ရပြန်သည်။
အပြစ်တွေ အများကြီးလုပ်မိထားပြီး သူအခုလို သက်သောင့်သက်သာ နေလို့ရော ဖြစ်ပါရဲ့လား....
ကိုယ် ဘာလုပ်ရမလဲ မုဏ်းရယ်....
"Hello?"
သီချင်းဆုံးသွားတော့ တစ်ဖက်က ကောင်လေးဆီက စကားပြောသံလေး ထွက်လာ၏။
သူအတွေးလွန်သွားတာကြောင့် ပြန်မထူးလိုက်မိ။
"Hello?"
ဒီတစ်ခါလဲ သူပြန်မထူးမိပါ။
ထို့ကြောင့် သူအိပ်ပျော်သွားပြီအထင်နှင့် ပြောလာသည့် စကားသံက တိုးတိုးလျလျ။"အာ....အိပ်ပျော်သွားပြီထင်တယ်...goodnightပါ ခင်ဗျားရေ....အိပ်မက်ဆိုးတွေ မမက်ပဲနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါစေ...."
ဖုန်းချသွားချေပြီ....။
သူတစ်ခွန်းမျ စကားပြန်မဆိုမိ။
မဟုတ်သေး....သူဘာပြန်ပြောရမလဲ မသိသောကြောင့့်ပင်။မင်း သီချင်းဆိုတာ ကောင်းတယ်လို့လား....
ဒါမှမဟုတ်
သီချင်းဆိုပြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လား.....
YOU ARE READING
I'm Gay Only For You