👥 6 U+Z

9 2 3
                                    

[Unicode]
----------------

တိတ်ဆိတ်နေတဲ့ညလယ်ခေါင်၌ ရှိုင်း မှာ အိပ်ယာထက်လူးလှိမ့်လျက်..။

ဒီနေ့တစ်နေ့လုံး ခေတ်စနစ်ကို မတွေ့ခဲ့ရသဖြင့် စိတ်ထဲအလိုမကျဖြစ်နေမိသည်။

ကျောင်းလဲမလာ ဆိုင်ကိုလဲမသွားပဲ ထိုလူကြီး ဘယ်ရောက်နေပါသလဲ.....။

ဒါပေမဲ့ ခေတ်စနစ်ရဲ့ အိမ်ရှေ့ စာတိုက်ပုံးထဲ ကိုယ်တိုင်သွားထည့်ခဲ့တဲ့ သူ့စာအိတ်လေးတော့ ထိုလူကြီး တွေ့နိုင်ကောင်းပါရဲ့...

ခေတ်စနစ်ရဲ့အိမ်လိပ်စာပါ စုံစမ်းလာပေးသော ငအောင့်အား ကျေးဇူးတင်ရမည်ပင်။

အိပ်မရမှုတို့နှင့်အတူ အတွေးတို့ကလဲ တောင်စဉ်ရေမရဖြစ်စွာ...။

သူတော့ အချစ်နွံထဲ လုံးလုံးလျားလျား ကျရောက်နေပြီထင်ပါရဲ့....

တစ်ရက်လောက်မတွေ့ရတာတောင် သူ့မှာ အိပ်မရဖြစ်နေတာ တကယ်လို့ ခေတ်စနစ်ကသာ သူ့ကို ပြန်မချစ်ရင်ရော...

ပြီးတော့ ခေတ်စနစ်ကရော သူ့ကောင်မလေးကို မေ့ပစ်နိုင်ပါ့မလားလေ....

အရေးကြီးဆုံးက ခေတ်စနစ်က အဖြောင့်စစ်စစ်ကြီးဖြစ်နေရင်..ဒါမှမဟုတ် gayတွေကို စိတ်ပျက်တတ်သူဖြစ်နေရင်ရော...

ဒါပေမဲ့ ကျွန်တော်က gayစစ်စစ်ကြီး မဟုတ်ပဲနဲ့ ခင်ဗျားတစ်ယောက်ထဲအတွက်ပဲ gayနေတာပါ ခင်ဗျားရယ်...

တကယ်တော့လဲ သူ့မှာ တိတ်တခိုး ချဉ်းကပ်နည်းက လွဲရင် သူတတ်နိုင်တာ ဘာမှမရှိ...။

ကျွန်တော် ရင်မောပါတယ် ခေတ်စနစ်ရယ်...

............................//////

တစ်ဖက်မှာလဲ ခေတ်စနစ် အခုချိန်ထိမအိပ်နိုင်သေးပေ။

လက်ထဲက စာအိတ်အပြာနုရောင်လေးကို ထိုင်ကြည့်နေမိသည်က နာရီဝက်ပင် ပြည့်တော့မည်။

သူညနေက အိမ်ကို ပြန်လာတော့ စာတိုက်ပုံးထဲက တစ်စွန်းတစ်စ ထွက်နေသည့် စာအိတ်လေးကို မြင်လိုက်ရတာကြောင့် ထုတ်ကြည့်မိတော့..

နံပါတ်စဉ် (5) စာအိတ်လေး။

အရင်နေ့တွေက သူတုံ့ဆိုင်းခြင်းမရှိ ဖွင့်ဖတ်ကြည့်မိသော်လည်း ဒီနေ့ညတော့ သူတွေဝေနေမိသည်။

I'm Gay Only For YouWhere stories live. Discover now