[Unicode]
---------------------ရှိုင်းတစ်ယောက် အိပ်ခန်းထဲ ငူငူငေါင်ငေါင်ကြီးထိုင်ပြီးသူ့ဆုံးဖြတ်ချက်က မှန်ပါ့မလား ဆိုတာကို စဉ်းစားနေမိသည်။သူဒီထပ်ပိုပြီး ခေတ်စနစ်ကို စာတွေမပေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီမို့ ဒီနေ့ညတော့ သူ့အချိန်တွေပိုနေသည်လေ။
စာတွေမပေးတော့ပေမဲ့ ခေတ်စနစ်ကို သူလက်လျှော့လိုက်သည်တော့မဟုတ်။ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်လိုက်ရုံသာ။
ဟင့်အင်း ရှေ့တစ်လှမ်းတိုးဖို့ဆိုတာထက် သူ့အတွက်တော့ ခြေလှမ်းတစ်ရာ တိုးဖို့ဆို ပိုမှန်ပါလိမ့်မည်။
ပထမဆုံးစာပေးဖို့ ဆုံးဖြတ်ဖြစ်ခဲ့သည်က သူကိုယ်တိုင် ခေတ်စနစ်ကို ဖွင့်ပြောဖို့ ကြောက်ခဲ့တာက တစ်ကြောင်း၊
သူကိုယ်တိုင်ကလဲ အခုမှ ပထမဆုံးစပြီး လူတစ်ယောက်ကို ချစ်ရေးဆိုဖို့ ကြိုးစားဖူးသည်ဖြစ်ရာ ရိုးရိုးရှင်းရှင်းနည်းလမ်းတစ်ခုကိုပဲ စဉ်းစားမိတာကတစ်ကြောင်း၊
ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် ထိုနည်းလမ်းကိုပဲ အသုံးပြုဖြစ်ခဲ့တာ ဖြစ်သည်။ခေတ်စနစ်အကြောင်းကို သူစုံစမ်းပြီးကတည်းက သူအသေအချာစဉ်းစားမိသည်။
ခေတ်စနစ်ဆိုတာက အဖြောင့်စစ်စစ်ကြီး။ပြီးတော့ စိတ်ဒဏ်ရာရနေသည့်လူတစ်ယောက်။ထိုသို့သော လူသားကို သူက စာလေးပေးရုံနဲ့ သူ့ကို ပြန်ချစ်လာဖို့ဆိုတာက လုံးဝမဖြစ်နိုင်။
အရင်က ခေတ်စနစ်ကို စာတွေပေး ချစ်ရေးဆိုခဲ့ပေမဲ့ ခေတ်စနစ်ကို ပိုင်ဆိုင်နိုင်ဖို့လောက်ထိ သူလောဘမကြီးခဲ့။ဒီအတိုင်း ခေတ်စနစ်ကို သူချစ်နေကြောင်း သိစေချင်ရုံသာဖြစ်သည်။အခုတော့ ဒီလူသားကို ပိုင်ဆိုင်ချင်လာမိပြီး ထိုလူသားနှင့့်အနီးဆုံးသူ ဖြစ်ချင်လာမိသည်။ထိုလူသား၏ အချစ်ကို သူပိုင်ဆိုင်ချင်ပါသည်။
ထို့ကြောင့် သူနည်းလမ်းတွေပြောင်းလိုက်ရုံကလွဲပြီး တခြားနည်းလမ်းမရှိ။နောက်ပြီး သူ USBဖိုးတွေ မတတ်နိုင်တော့ဘူးလို့!!!
အဟမ်း!!!!!ထားပါလေ
ပြီးတော့ ခေတ်စနစ်က သူပေးတဲ့ ဟမ်းချိန်းလေးကိုသဘောကျပါ့မလား ဆိုတာကိုလဲ သူတွေးပူရသေးသည်။
YOU ARE READING
I'm Gay Only For You