[Unicode]
.....................ခြွင်!!!
ကော်ဖီဆိုင်လေးရဲ့ တံခါးမှာ တပ်ဆင်ထားတဲ့ ခေါင်းလောင်းလေးရဲ့ မြည်သံကြောင့် ကောင်တာမှာထိုင်နေသည့် ခေတ်စနစ် ခေါင်းမော့ကြည့်မိသည်။
အဖြူရောင်တီရှပ်လက်တိုလေးနှင့် လူငယ်ဆန်ဆန်ဝတ်ဆင်ထားပြီး ရွှေဝါရောင်ဆံပင်အုပ်အုပ်လေးဖြင့် လိုက်ဖက်လွန်းလှသည့် ကောင်လေးတစ်ယောက်
တစ်နည်းအားဖြင့် စာအိတ်လေးများရဲ့ပိုင်ရှင်။ဆိုင်ထဲဝင်လာပြီးနောက် ထိုကောင်လေးရဲ့ အကြည့်တွေက ကောင်တာမှာထိုင်နေသည့် သူ့ထံ ပထမဆုံးကျရောက်၏။
ပြီးတော့ အံ့အားသင့်သွားပုံနှင့် ရှိုးတိုးရှန့်တန့်ဖြစ်သွားပုံရသည့်မျက်နှာအမူအရာတို့က တစ်ပြိုင်တည်းဖြစ်တည်လာသည်။
ဘယ်လိုဟာလေးလဲ ဆိုင်ကိုလာရင် ဆိုင်ပိုင်ရှင်ကို တွေ့ရမှာ ထုံးစံကို ဘာတွေအံ့သြနေမှန်းမသိ။
ခေတ်စနစ်လဲ မျက်နှာပြန်လွှဲလိုက်ပြီး သူ့ဖုန်းကိုသာ ပြန်စိုက်ကြည့်နေတော့သည်။
သူ့အကြည့်က ဖုန်းဆီရောက်နေပေမဲ့ သူ့စိတ်တွေက တခြားနေရာရောက်နေမည်မှာ ကျိန်းသေပါသည်။
ဆိုင်ထဲဝင်လာသည့် ရှိုင်းမှာလဲ ထိုင်ခုံဆီသို့ မသွားနိုင်သေးပဲ တံခါးဝ၌သာ ကြောင်ပြီးရပ်နေမိသည်။
ဒီနေ့ဒီဆိုင်ကို လာတာ ခေတ်စနစ်ကို တွေ့ဖို့ပေမဲ့ တကယ့်တကယ် တွေ့တော့လဲ ဘာလုပ်ရမှန်းမသိ။ထိုထက်ဆိုးသည်က ခေတ်စနစ်က သူ့ကိုစိုက်ကြည့့်သွားသည်လေ။
မဟုတ်သေးဘူးလေ အဲ့လိုကြီးစိုက်ကြည့်သွားတော့ ငါက ဘာလုပ်နိုင်တော့မှာတုန်းလို့!!!!
သူစီစဉ်ထားသည်က ဆိုင်မှာ ခေတ်စနစ်ကို တွေ့ခဲ့ရင် သူ့ဖက်က စပြီးမိတ်ဖွဲ့ပြီး စကားသွားပြောဖို့။
အခုတော့ မဖြစ်နိုင်တော့။တံခါးဝ၌ရပ်ကာ သူအတွေးလွန်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူ့လက်ကို လာဆွဲတာကြောင့် လှည့်ကြည့့်လိုက်တော့ သူ့သူငယ်ချင်းအကောင်းစားကြီး အောင်ဇော်ထက်။
YOU ARE READING
I'm Gay Only For You