[Unicode]
___________စားပွဲပေါ်က နာရီရဲ့နှိုးစက်သံကြောင့် ခေတ်စနစ် အိပ်ရာမှနိုးလာသည်။
ညက သီချင်းနားထောင်ရင်း အိပ်ပျော်သွားတာကြောင့် ခပ်တိုးတိုးဖွင့်ထားသည့်သီချင်းသံလေးကို နိုးလာလာချင်းကြားလိုက်ရ၏။တကယ်တော့လဲ ဘယ်အဆိုတော်ရဲ့သီချင်းမှမဟုတ်။အမည်မသိ 'S'တစ်လုံးထဲသာ ပါသည့်စာပိုင်ရှင်လေးရဲ့ သူ့ကိုဆိုပြသည့် သီချင်းတစ်ပိုင်းတစ်စများပင်ဖြစ်သည်။
မူရင်းအဆိုရှင်များရဲ့သီချင်းအပြည့်အစုံကို ရှာကာ နားထောင်လျှင် ရပါရဲ့သားနှင့် ထိုကောင်လေးရဲ့မပြည့်မစုံ သီချင်းလေးများကို စွဲစွဲမက်မက် နားထောင်နေမိမှန်းလဲ သူမသိပါချေ။
အိပ်ရာမှချက်ချင်းမထသေးပဲ ဖွင့်ထားဆဲသီချင်းလေးကို နားထောင်နေမိသည်။နားထောင်နေရင်းမြင်ယောင်လာသည့် ပုံရိပ်လေးတစ်ခု၊မြင်ယောင်မိသည့် အပြုံးလေးနှင့်အတူ စာသင်ခန်းထဲက အကြည့်လေးတစ်ချက်။
သူတစ်ချက်ပြုံးမိပါသည်။ထိုစာအိတ်လေးများရဲ့ပိုင်ရှင်ကို သူတကူးတက လိုက်ရှာမနေတော့ပါချေ။
"သားရေ သား နိုးပြီလား"
"ဗျာ ဟုတ် နိုးပြီ မေမေ"
မေမေ့ခေါ်နှိုးသံကြောင့် အိပ်ရာမှထကာ ဖွင့့်ထားဆဲသီချင်းလေးကို ပိတ်လိုက်ပြီး အခန်းတံခါးဖွင့်လိုက်တော့ အခန်းဝမှာ ရပ်နေတဲ့မေမေ။
"Happy birthday သား "
"ကျေးဇူးပါ မေမေ ဒါနဲ့ ဘယ်သွားမလို့လဲ"
"သားမွေးနေ့အတွက် ဆွမ်းချိုင့်လေးသွားပို့မလို့လေ"
"ဟုတ် မေမေ သားမလိုက်တော့ဘူးနော်"
"အေးပါ သားရယ် မေမေသွားတော့မယ်"
"ဟုတ် မေမေ"
"ဒါနဲ့ သား..."
လှည့်ထွက်ရန်ပြင်ပြီးမှ ပြန်လှည့်လာသည့် မေမေ။တစ်ခုခုပြောဖို့ တွန့်ဆုတ်နေသလိုမျိုး။
"ဘာဖြစ်လို့လဲ မေမေ"
"ဘာမှမဟုတ်ပါဘူး သား ဒီနေ့ကျောင်းသွားမှာလားလို့မေးမလို့"
YOU ARE READING
I'm Gay Only For You