[Unicode]
..................."သက်သက် အသက်လေး"
"ချီးကိုသက်သက်ပါလား မင်းကြီးတော်ကြီးကိုအသက်လေး ငါ့နာမည် သက်ကိုကိုကွ"
"ဪ ဒါဆို သက်သက်လို့ခေါ်တာမကြိုက်ရင် ကိုကိုလို့ခေါ်မယ်လေ ဟုတ်သား!!မင်းကငါ့ထက်ကြီးတယ်မလား"
ပြီတီတီမျက်နှာပေးဖြင့် လိုက်စနေသော ငအောင်ကြောင့် သက်ကိုကိုမှာ ဒေါသထွက်လာရသည်။
"ငအောင် သူတောင်းစားလေး မင်းသေချင်နေပြီဟုတ်လား သေဖို့ပြင်ထား"
ထို့နောက်တွင်တော့ မနက်စောစောစီးစီး အခန်းငယ်တစ်ခုထဲ၌ တစ်ဖုန်းဖုန်း တစ်အုန်းအုန်း အသံတို့ဖြင့် ဆူညံသွားတော့သည်။
"အား!!! နာတယ်လို့!!!မစတော့ဘူး တကယ်မစတော့ဘူး!!!"
တစ်ယောက်ကထု တစ်ယောက်ကအော် ထိုသို့ဆူညံနေသောကြောင့် ရှိုင်းမှာ ဘယ်လိုမှ ဆက်အိပ်လို့မရတော့ပေ။
တကယ်ပါပဲ ဒီမသာနှစ်ကောင်ကတော့...
"Yah!!!!မင်းတို့ကောင်တွေ ချီးဖြစ်နေကြတာလား!!!ဒါ သူများအိမ်ဆိုတာလဲသတိရဦး!!!မင်းတို့ရဲ့ မင်္ဂလာဦးအိမ် မဟုတ်ဘူးကွ!!!
ရှိုင်းရဲ့အော်သံကြောင့် သက်ကိုကိုမှာ ဒေါသထွက်လွန်း၍ နဂိုရဲနေသော မျက်နှာမှာ ပို၍ ရဲသွားတော့သည်။
"ငရှိုင်း!!!မင်းပါသေချင်နေတာလား.. ..!!!"
"သေချင်နေတာကမင်း....သူများအိမ်မှာ အော်ဟစ်နေတာ မင်းတို့နှစ်ကောင် ချစ်ကြည်နူးချင်ရင် ကိုယ့်အိမ်ကို သွားကြ..."
"ချီးကိုချစ်ကြည်နူး...မင်းဖင်ကြီးကို ချစ်ကြည်နူး"
"ကိုကိုက ရှက်ရမ်းရမ်းနေပါပြီ အဟိ အဟိ"
ထိုမျှအဆဲခံနေရသည့်တိုင်အောင် အောင်ဇော်ထက်မှာ မမှုပါချေ။ဤသို့ဖြင့် ရှိုင်းရဲ့အခန်းငယ်လေးဟာ ဆူညံပွက်လောရိုက်နေပါတော့သည်။
....................:-/
ဒေါက်!!!ဒေါက်!!!ဒေါက်!!!
"သားရေ သား ခေတ်စနစ်!!!"
တံခါးခေါက်သံနှင့်အတူ မေမေ့ခေါ်နှိုးသံကြောင့် ခေတ်စနစ်မှာ လန့်နိုးလာရသည်။
YOU ARE READING
I'm Gay Only For You