Part I

8K 287 8
                                    


နှင်းဆီပန်းခင်းထက် တောင်ပံတဖြတ်ဖြတ်နဲ့လေဟုန်စီးနေကြတဲ့ လိပ်ပြာငယ်တို့ကြားက အဖြူရောင်ပုံရိပ်လေးတစ်ခု။မဟူရာရောင်သန်းနေတဲ့ ဆံနွယ်ရှည်များကိုဖြန့်ချထားပြီး နှင်းဆီပန်းတစ်ပွင့်ဆီလှမ်းလိုက်တဲ့ လက်သွယ်သွယ်လှလှလေးက ဖယောင်းသားပမာ နူးညံ့နေမည်မှာအမှန်ပင်။ကိုရီးယားဆန်"လှတဲ့သူမ....နာအွန်းဂျီ။

" မာမီ..."

အိမ်ဖက်ကအော်ခေါ်သံနဲ့အတူပန်းခင်းကြားထဲပြေးဝင်လာတဲ့ ကလေးလေးကိုမြင်တော့ အွန်းဂျီရဲ့နှုတ်ခမ်းဖူးဖူးလေးကပြုံးသွားပြီ လက်နှစ်ဖက်ကိုဖွင့်ဟပေးလိုက်သည်။ထိုကလေးလေးကား သူ့လက်ထဲရောက်တော့

" အယ်လီ့ကိုဆူပေး...နားမထောင်ချင်ပါဘူးဆို နတ်ဆိုးတွေအကြောင်းဘဲလာပြောပြနေတယ်"

" ဟွန်းငယ်လေး...ဟောကြည့် အယ်လီကပျောက်လို့ရှာနေတာ။သူကသူ့မာမီဆီပြေးလာတာကိုး"

အိမ်တံခါးဝကနေ ရွှေရောင်သန်းနေတဲ့ဆံပင်ကိုတစ်ဝက်စီးပြီး အညိုရောင်ဂါဝန်ရှည်နဲ့နောက်ထပ်မိန်းမလှလေးတစ်ယောက်ထွက်လာပြီး ပန်းခင်းထဲဝင်လာတော့သည်။အယ်လီက အွန်းဂျီဘေးနားကိုရောက်တော့

" အယ်လီ ဆောင်းဟွန်းလေးကို စေတန်အကြောင်းတွေပြောပြန်ပြီလား"

"ဟာ အွန်းဂျီကလည်း အဲ့လောက်မှကြောက်ဖို့မကောင်းတာ။အယ်လီက ဟွန်းငယ်လေးကိုဗဟုသုတရအောင်စာတွေရှာဖတ်ထားရတာ...သူမှနားမထောင်ရင်ဘယ်သူနားထောင်မှာလည်း"

" အယ်လီကအဲ့လိုဟာတွေဖတ်လို့ ရုပ်ဆိုးတာ။မာမီ့ကိုဘဲကြည့် အယ်လီ့လိုမဟုတ်တော့ ဘယ်လောက်လှလည်း"

"ဟုတ်ကဲ့ပါရှင်...အယ်လီက ကပြားဆိုတော့ သူ့မာမီလိုကိုရီးယားဆန်ဆန်ဘယ်လှပါ့မလား။ ဒါပေမယ့် ရှင်လေးထက်တော့ပိုလှတယ်"

ဆောင်းဟွန်းနှာခေါင်းလေးကိုဆွဲညစ်ကာပြောတော့ သူ့လက်ကိုရိုက်ပြီး လျှာထုတ်ပြကာ

" လှတယ်မပြောနဲ့ ဟွန်းငယ်ကချောတာလို့ပြော။လှတယ်ဆိုတာ မိန်းမဆန်တယ်"

ALOHA | Heehoon ✓Where stories live. Discover now