ရေစီးသံတစိမ့်"ကြားနေရတဲ့အပြင် ဝါးတောကြီးတွေက စိမ်း"စို"ဖြင့် လေတိုက်တိုင်း တရှပ်"မြည်သံတို့က လူခြေသံများအလား....ကန်ရေပြင်ထက် ကူးလူသွားလာနေတဲ့ ဂျပန်ရိုးရာလာဘ်ကောင်လို့ခေါ်ရတဲ့ ရွှေငါးရောင်စုံတို့မှာ မျက်စိပဒေသာဖြဖွယ်ရာ....
ကန်ပေါ်မှာဆောက်ထားတဲ့ ဂျပန်ရိုးရာအိမ်ပုံစံ နားနေအိမ်လေးထက် လူတစ်ယောက်က ကန်ဖက်ခြမ်းရှိရာ လက်ရမ်းနားမှာ မတ်တပ်ရပ်လျက်ပင်။
အသက် ၄၀ကျော်ရှိနေပေမယ့် မပျက်စီးသေးတဲ့ ရုပ်ရည်အပြင် ဇာမဏီမျက်ခုံးတစ်စုံနဲ့ ခပ်တင်း"စိထားတဲ့ နှုတ်ခမ်းပါးတို့က အရှိန်အဝါအပြည့်...အရပ်၆ပေနီးပါးထက် ဝတ်ထားတဲ့ ဂျပန်ရိုးရာ ကီမိုနိုအနက်ရောင်က လိုက်ဖက်သလို ရုတ်တရက်ကြည့်ပါက တော်ဝင်မျိုးနွယ်တစ်ပါးအလား ထင်ရလောက်တဲ့အထိ ထိုအမျိုးသားမှာ ခန့်ညားနေတော့သည်။
" သခင်ကြီး ..."
နောက်ပါးဆီက bodyguard အသံကြောင့် ဆွဲလက်စပန်းချီကားရှိရာ စားပွဲခုံဘေးဝင်ထိုင်ပြီး
" ဘယ်သူလည်း သိရပြီလား"
" Hai...ဖမ်းမိတဲ့သူက ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားပေမယ့် တစ်ဆင့်ခြေရာခံကြည့်တော့ အဲ့လူကိုခိုင်းတာက တိုက်ရိုက်မဟုတ်ဘဲတစ်ဆင့်ခံနဲ့ပါ။ကြားထဲကလူဘဲသိရပြီး အဓိကခိုင်းတဲ့သူဘယ်သူလည်းဆိုတာတော့ စုံစမ်းနေဆဲပါ"
" ကြားလူက...."
" Australia နိုင်ငံဗဟိုရဲဌာနချုပ်ကပါ"
" ဟက်...ခွေးတိုးပေါက်ကနေတိုးဝင်ပြီး ငါ့နယ်မြေထဲအနံ့လာခံကြတာဘဲ။ဆက်စုံစမ်းထားလိုက်..."
" ဟုတ်ကဲ့"
Bodyguard ထွက်သွားခါမှ ဆွဲလက်စကားချပ်ပေါ် နောက်ဆုံးစုတ်ချက်တင်ကာ အပြီးသတ်လိုက်တော့သည်။
မထိရက်မကိုင်ရက် ကိုယ်တိုင်သေချာဘောင်သွင်းပြီး ဗဟိုအိမ်တော်ကသူ့စာကြည့်ခန်းထဲ သေချာချိတ်ကာ ကျေနပ်စွာပြုံးလိုက်မိသည်။
" သိပ်လှတာဘဲ...ကိုယ်မထိရက်ဆူးပန်းလေးက သိပ်လှတာ။ဆူးပန်းဆိုတဲ့အတိုင်း ကိုယ်ထိလိုက်တိုင်း ဒဏ်ရာရတဲ့သူကကိုယ်ဖြစ်နေပေမယ့် အပြစ်မယူရက်တာ မင်းအသိဆုံးမလား"
![](https://img.wattpad.com/cover/282836469-288-k467670.jpg)
YOU ARE READING
ALOHA | Heehoon ✓
FanficThere's a picture with a glamour blue sky and under that sky, the moon and the sun are rising together. One represents peacefulness while the other represents warmth. Tell me.. isn't it perfect ? Start : 8/27/2021 End : 10/18/2021 Extra : 11/1/2021 ...