"ရှင်းလိုက်တော့""ဟုတ်ကဲ့ သခင်ကြီး"
အေးစက်စက်နဲ့ပြတ်သားတဲ့အမိန့်တစ်ခုအောက် တစ်စုံတစ်ယောက်ရဲ့အသက်မှာ နာရီပိုင်း ဒါမှမဟုတ် မိနစ်ပိုင်း ပိုမြန်ရင်တော့ စက္ကန့်ပိုင်းအတွင်း လောကကြီးကိုလက်ပြနှုတ်ဆက်ရတော့မည်ပင်...
စေတန်လိုလူ နတ်ဆိုးတစ်ကောင်လိုလူတစ်ယောက်ဆိုတာ ဘယ်သူ့ကိုမှငဲ့ညှာခြင်းမရှိပေရောမလား။
******
"Jay hyung... ကျွန်တော်ဒယ်ဒီ့ဆီခဏပြန်မလို့ ဟီဆွန်းဟျောင်းကိုတစ်ချက်ဝင်ကြည့်ပေးပါလား။အလုပ်ပြန်ဆင်းမယ်ဆိုပြီး ဒယ်ဒီ့ကိုပြောထားမိတော့ မသွားလို့မဖြစ်တော့ဘူး"
ဖုန်းထဲကနေဆောင်းဟွန်းတောင်းဆိုစကားကြောင့် Jay မှ
"ရတယ် ဆောင်းဟွန်း။ဟျောင်းနေ့လည်ကျရင် တစ်ချက်ပြန်ကြည့်ပေးမယ်...ဟီဆွန်းစားဖို့နေ့လည်စာလည်းဝယ်ရင်းပေါ့"
"နေ့လည်စာကကျွန်တော့်အိမ်ကဒါရိုင်ဘာကိုပြန်သွားယူခိုင်းထားပြီးသားဟျောင်း...ဟီဆွန်းဟျောင်းကိုအစာစားမစားသာကြည့်ပေးပါ...ဆေးရောဘဲ"
"အိုကေဗျား။ဟျောင်းကြည့်လုပ်ပေးထားမယ်"
"ကျေးဇူးဟျောင်း..ဒါဆိုဒါပဲနော်"
ဆောင်းဟွန်းဖက်ကဖုန်းကျသွားတာနဲ့ အလုပ်စားပွဲဆီပြန်မသွားခင် အရှေ့နံရံကကိုယ်တိုင်စိတ်ကူးနဲ့ဆွဲပြီး ဘောင်သွင်းထားတဲ့နှင်းဆီပန်းအပြာနှစ်ပွင့် အကိုင်းအခက်များယှက်သွယ်နေပုံလေးကိုကြည့်မိခိုက် ရင်ထဲကြည်နူးသွားရသည်။
ထူးဆန်းတယ်မလား...အခုတလော တစ်စုံတစ်ယောက်ရဲ့စနက်နဲ့ သူတောင်အပြာရောင်တွေသဘောကျစပြုလာတာက...။
******
"သူဌေးလေး အလုပ်ပြန်ဆင်းတော့မှာလား"
ဒယ်ဒီရဲ့အတွင်းရေးမှူးနဲ့ကုမ္ပဏီအဝင်ဝမှဆုံတော့ တစ်ဖက်ကလောကွက်စကားကြောင့် ဆောင်းဟွန်းခေါင်းညိတ်ပြကာ
"ဟုတ်တယ်...ကျွန်တော်တာဝန်ယူထားတဲ့ project ကိုလက်စသတ်ရတော့မယ်လေ။ဖွင့်ပွဲကလည်းစတော့မှာဆိုတော့ ကျွန်တော်မရှိနေရင်တစ်ခုခုလွဲချော်တာတွေဖြစ်ကုန်မှာဆိုးလို့။ဒါနဲ့ ဒယ်ဒီကရုံးခန်းထဲမှာပဲမလား"
YOU ARE READING
ALOHA | Heehoon ✓
FanfictionThere's a picture with a glamour blue sky and under that sky, the moon and the sun are rising together. One represents peacefulness while the other represents warmth. Tell me.. isn't it perfect ? Start : 8/27/2021 End : 10/18/2021 Extra : 11/1/2021 ...