Part III

1.9K 209 20
                                    


Seongbuk-dong ....

တစ်ခြားနေရာတွေထက် လူချမ်းသာတွေပဲအနေများတဲ့နေရာဖြစ်သည့်အလျောက် လမ်းတိုင်းလို"မှာ တိုက်ခန်းထက် ခြံဝင်းတွေကိုသာတွေ့ရသည်။

ကားအနီလေးကို လမ်းသွယ်ထဲချိုးဝင်လိုက်တော့

" ဟင်...ဒါ Parasite ရိုက်တဲ့အိမ်မလား"

ဟီဆွန်းပေးတဲ့လိပ်စာအရထိုအိမ်နဲ့မျက်စောင်းထိုးပင်။ဟျောင်းအိမ်ရှေ့မှာဘဲကားထိုးလိုက်ပြီး ခြံတံခါးဘဲလ်တီးပေမယ့် တော်"ကြာတဲ့ထိပြန်ဖြေသံမကြားတော့ တံခါးကိုအသာတွန်းကြည့်ရာ

" တံခါးကဖွင့်ပေးထားတာလား"

ခြံနဲ့အိမ်ကအဝေးကြီးမဟုတ်ပေမယ့် တံခါးမကြီးရောက်ဖို့ကလှေကားတွေတက်ရသေးသည်။တံခါးရှေ့မှမရောက်သေး အထဲကနေတံခါးကပွင့်သွားပြီး

" Mattt...!!!! "

ဟီဆွန်းရဲ့အော်သံနဲ့အတူ သူ့ဆီပြေးဝင်လာတဲ့ အယ်လ်ဇေးရှင်းခွေးတစ်ကောင်...

" ဆောင်းဟွန်း ရှောင်...!!!!"

စကားမှမဆုံးသေး သူ့အပေါ်ခုန်တက်တော့ ဘေးကဆွဲမိဆွဲရာ လှေကားလက်ရမ်းကိုလှမ်းဆွဲလိုက်တာတောင် လှေကားနှစ်ဆင့်ကျော်ကာနေခြေခေါက်ကာပြုတ်ကျတော့သည်။

" အာ့...."

ခေါက်သွားတဲ့ခြေအပြင်အပေါ်ကတက်ဖိထားတဲ့အကောင်ကြောင့် တစ်နာပေါ်နှစ်နာဆင့်ပင်....။လှေကားပေါ်ကနေ ဟီဆွန်းကပြေးဆင်းလာပြီး ခွေးကိုဆွဲခေါ်သွားမှသူမတ်"ထိုင်နိုင်တော့သည်။

ခြေထောက်ကတော့တဆစ်ဆစ်နာနေဆဲ...

" ဆောင်းဟွန်း အဆင်ပြေရဲ့လား။ ထရောထနိုင်ရဲ့လား။"

သူ့လက်မောင်းကိုဆုပ်ကိုင်ကာ စိတ်ပူစွာမေးလာတဲ့ဟျောင်း

" ရတယ်ဟျောင်း..ခြေချော်ကျသွားတာဆိုတော့ ထလို့တော့ရမယ်ထင်...အား..."

ပြောရင်းအထ ခေါက်သွားတဲ့ခြေထောက်ကိုထောက်မိတော့ လူကခွေကခနဲပြန်ကျသွားတော့သည်။ထိုအခါဟီဆွန်းက ဆောင်းဟွန်းခါးကနေအသာထိန်းပေးကာ

" ကျစ်...ငြိမ်ငြိမ်နေတော့"

" ဗျာ ဘာကို...ဟျောင်-ဟျောင်း..."

ALOHA | Heehoon ✓Where stories live. Discover now