EXTRA

3.1K 205 30
                                    


အဖြူရောင်ခြယ်တဲ့ အိပ်မက်တစ်ခုမက်တယ်။

အဲ့ဒီအိပ်မက်ကလက်တွေ့ဆန်လွန်းတော့ ပျောက်ကွယ်သွားမိမှာတောင်စိုးနေခဲ့တာ...ဆောင်းဟွန်းဆိုတဲ့ လူသားလေးကနှင်းဆီနီတွေကြားထဲ ဖြူလွှလွှဝတ်စုံလေးနဲ့ သူ့ဆီလှမ်းလာနေခဲ့တယ်တဲ့လေ။

နီဆွေးဆွေး နှင်းဆီပွင့်ဖတ်တွေက ကော်ဇော်နေရာအစားလျှောက်လမ်းတစ်ခုလုံးနေရာယူထားတော့ အဲ့ဒီပွင့်ဖတ်တွေကိုဖြတ်ကျော်လျှောက်လာတဲ့ဆောင်းဟွန်းက သူ့အတွက်အလှဆုံးပန်းချီကားတစ်ချပ်လို။

နှာတံဘေးကမှဲ့နက်လေးကအစ သူ့လက်ထဲတိုးဝင်လာတဲ့ ဖော့ဖယောင်းလိုနူးညံ့ပြီး သွယ်လျတဲ့လက်ချောင်းတွေအဆုံး မြတ်နိုးဖွယ်ရာအတိပင်။

ဒီအချိန်ခဏလေးမှာ၊သူ့လက်ဖဝါးအောက်ရောက်လာတဲ့ ဆောင်းဟွန်းရဲ့လက်ဖဝါးတို့အထိအတွေ့လေးမှာ သူသိလိုက်တာက

ဒါကအိပ်မက်မဟုတ်တဲ့ သူအမြဲတောင်းတနေခဲ့တဲ့ အိပ်မက်တစ်ခုဆိုတာ။

— ALOHA EXTRA —

"ကျစ် ကိုကို ခင်ဗျားလွန်နေပြီနော်"

"အာ့ ဘေဘီ။ကိုယ်မှားသွားပါတယ်"

ခြေသလုံးကအောင့်ခနဲခံစားမှုထက် ဒေါသတကြီးကြည့်နေတဲ့ဆောင်းဟွန်းကပိုကြောက်ဖို့ကောင်းနေသည်။

ဒီလောက်သတိထားနေတဲ့ကြားထဲက ဘဲပေါက်လေးဒေါသကိုသွားစွလိုက်တဲ့ မီဒီယာတွေကို မီးရှို့ချင်စိတ်ကတဖွား"....

"မနက်ဖြန်သဘက်ခါပဲ ကျွန်တော်နဲ့လက်ထပ်တော့မှာ ဒီသတင်းတွေက ဘယ်ကဘယ်လို...ကျစ်"

ဆံစတို့ကိုထိုးဖွလျက် ဆိုဖာပေါ်ပစ်ထိုင်လိုက်တဲ့ဆောင်းဟွန်းက ဒီတစ်ခါအတည်စိတ်ဆိုးနေကြောင်းသတိထားမိသည်။

"ကိုယ်မရည်ရွယ်ပါဘူးကွာ။ကိုယ်တကယ်သတိမထားမိလိုက်တာ....ဘေဘီ please စိတ်မဆိုးပါနဲ့"

ဆိုဖာရှေ့လာထိုင်ပြီး လက်ကိုဆုပ်ကိုင်လာတဲ့ ဟီဆွန်းလက်ကိုခါထုတ်ပြီး

"အဲ့လိုမျိုး များများလုပ်။ဟိုကခင်ဗျားကိုအပိုင်ပါကြံသွားလိမ့်မယ် အီဟီဆွန်း"

ALOHA | Heehoon ✓Where stories live. Discover now