"Bea စုံစမ်းတာကဘယ်လောက်ကြာနိုင်လည်း""၂ရက်ပဲစောင့်။အဲ့ထက်တော့မကြာဘူး"
"အင်း ပြီးရောလေ။အတိအကျဖြစ်ပလေ့စေနော်"
"ဟီဆွန်းတောင်အများကြီးပြောင်းလဲသွားပြီဘဲ။Jay ပြောတာကြားပြီးပြီ ...ဘယ်လိုလည်း နင့်ကောင်လေးကချောလား။နင်နဲ့ရောတွဲနေပြီလား..."
တစ်ဖက်ကရယ်သံလွင်"လေးနဲ့မေးတော့ ဟီဆွန်းသောက်လက်စ alcohol ပင်သီးသွားပြီး
"ဟာ Jay ကတော့အကုန်လိုက်ပြောနေမလားမသိဘူး။သူနဲ့ငါကဘာမှလည်းမဟုတ်သေးသလို သူကငါ့ကောင်လေးလည်းမဟုတ်ဘူး"
" အခုမဟုတ်ပေမယ့် နောင်ဟုတ်လာမှာပါ။ဟီဆွန်း နင်သူ့ကိုချစ်တာသေချာနေပြီဆိုလည်း နည်းနည်းပါးပါးလှုပ်ရှားတော့လေ...."
" Bea အကယ်၍သူနဲ့ငါအဆင်ပြေခဲ့ရင်တောင်...ငါ့ကိုချစ်ရတာ သူအန္တရာယ်များတယ်"
" ကျစ် အရေးမပါတာတွေကလာပြီ...အန္တရာယ်များရအောင် နင်ကဘိန်းရောင်းဘိန်းဝယ် မူးယစ်ရာဇာလား...ခိုးဆိုးလုနှိုက်နေတဲ့ အလစ်သမားလား။"
" Bea နင်ပြောမှ ငါလည်းနယ်ပယ်ပေါင်းစုံရောက်နေပြီ...ငါနဲ့နူနာနဲ့တုန်းက ငါကအနုပညာရှင်မဟုတ်ဘူး။စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်...ဒါပေမယ့် ဆောင်းဟွန်းနဲ့ကြမတူဘူး။ငါကကိစ္စမရှိပေမယ့် သူထိခိုက်မှာကိုစိတ်ပူတယ်"
" နားညီးတယ် ပါးစပ်ပိတ် ငါပြောတာသာလုပ်။နောက်နှစ်လောက်ငါကိုရီးယားကိုပြန်လာမယ် အဲ့ချိန်ထိနင်ဒီပုံစံဆို..."
" ဘာလည်း ဘာလုပ်ချင်လို့လည်းနင်က"
" ငါ့ကိုလက်ထပ်ရမယ်။အဲ့တော့ငါ့ကိုပဲယူမလား နင့်ကောင်လေးကိုဖွင့်ပြောမလား နှစ်ခုထဲကတစ်ခုရွေး...bye"
တီ တီ တီ
ပြောပြီးတာနဲ့ဖုန်းတန်းချသွားတဲ့ Bea ကြောင့် ဟီဆွန်းခေါင်းသာခါမိတော့သည်။Bea နဲ့သူက လွန်ခဲ့တဲ့၅နှစ်ကတည်းကအဆက်အသွယ်ပြတ်သွားခဲ့တာ..အခုမှပြန်စကားပြောဖြစ်တာတောင် Bea ကစိမ်းကားမနေခဲ့။
Bea က Australia ကိုအပြီးပြောင်းသွားတာလည်းပါမည်။တစ်ခါတစ်လေမှဒီကိုပြန်လာတတ်ပေမယ့် လာတိုင်းသူနဲ့မတွေ့ဖြစ်ခဲ့။

YOU ARE READING
ALOHA | Heehoon ✓
Fiksyen PeminatThere's a picture with a glamour blue sky and under that sky, the moon and the sun are rising together. One represents peacefulness while the other represents warmth. Tell me.. isn't it perfect ? Start : 8/27/2021 End : 10/18/2021 Extra : 11/1/2021 ...