Part VII

1.6K 180 11
                                        


နေအလင်းရောင်လုံး"မပေါ်ထွက်သေးတဲ့ ရောင်နီပျို့စချိန်က နေ့တစ်နေ့လုံးမှာတော့ ဆောင်းဟွန်းအတွက်အလှဆုံးအချိန်ပင်ဖြစ်သည်။

အရှေ့ရပ်ကတဖြည်း"ပေါ်ထွက်လာတဲ့နေမင်းနဲ့ အနောက်ရပ်ကိုတရွေ့"ငုပ်ဆင်းပျောက်ကွယ်သွားတဲ့လမင်း....ထိုအချိန်နှစ်ခုစပ်ကြားရောက်တိုင်း ကိုယ့်ကိုယ်ကိုအချိန်နှစ်ခုကြားထဲရောက်နေသလိုခံစားရသည်။

ဒါပေမယ့် ဒီနေ့တော့သူအဲ့လိုအလှတရားကိုရော ဘေးပတ်ဝန်းကျင်ပါဂရုမစိုက်အား...ဟိုတယ် balcony မှာမတ်တပ်ရပ်နေရင်း လက်ထဲရှိကော်ဖီခွက်ထဲက espresso အနံ့ပြင်း"ကလေထဲပျံ့နှံ့လာတဲ့ ချယ်ရီပန်းအနံ့ကိုဖုံးသွားသည်။

တဆစ်"ထိုးကိုင်နေတဲ့ခေါင်းကြောင့် ဆက်အိပ်လို့လည်းမရ၍ သူ့ဘေးမှာအိပ်နေတဲ့ဟီဆွန်းဟျောင်းမနိုးအောင် ထလာရခြင်းပင်။

မနေ့ညကဟျောင်းစော"အိပ်သွားတုန်း ခေါင်းလျှော်ရေချိုးပြီး ရေခြောက်အောင်မသုတ်ဘဲ အိပ်မိတဲ့အကျိုးဆက်တွေ....ခေါင်းတစ်ခေါင်းလုံးထိုးကိုက်နေတာ ဟျောင်းသာသိရင် ဆူခံရမှာတော့သိသည်။

" ဟွန်းငယ်...အစောကြီးနိုးနေတာလား။"

အတွေးမှမဆုံးသေး ပိတ်ထားတဲ့ မှန်တံခါးကိုဖွင့်ကာထွက်လာတဲ့ဟီဆွန်းဟျောင်း။Nightgown ကိုလျော့တိလျော့ရဲဝတ်ထားတဲ့ ဟျောင်းကြောင့် ဆောင်းဟွန်းမျက်မှောင်ကြုံ့လိုက်မိသည်။

" ဟျောင်း ခါးစည်းကြိုးကိုသေချာချည်ထား။အသက်ကကြီးနေပြီ အအေးမိမယ်"

သေချာချည် လို့ပြောလိုက်ပေမယ့် ဟျောင်းလက်နဲ့တော့မဟုတ် သူ့လက်နဲ့ချည်ပေးလိုက်သည်။

" ဟွန်းရာ ကိုယ်ကအခုမှ ၂၆ဘဲရှိသေးတာ အသက်ကြီးတယ်တဲ့လား"

" ကျတော့်ထက်၃နှစ်ကြီးတယ်လေ။ကြီးတာကကြီးတာဘဲ"

" ၃နှစ်ထဲကို .... ဘာလည်း အသက်ကြီးတဲ့သူတွေကိုစိတ်မဝင်စားဘူးလား"

သူ့ပခုံးပေါ်မေးလာတင်ပြီးမေးတော့ ဟျောင်းရဲ့ရင်ခွင်က သူ့ကျောပြင်နဲ့ကပ်လျက်သား။

" ဟင့်အင်း ငယ်ငယ်ကြီးကြီး စိတ်မဝင်စားပါဘူး။ကျတော်စိတ်ဝင်စားတာ ဟျောင်းတစ်ယောက်ထဲ"

ALOHA | Heehoon ✓Where stories live. Discover now