အမည် - ဟန်....
အသက် - ၅၁နှစ်
သေဆုံးချိန် - မနက်၅နာရီဝန်းကျင်
သေဆုံးမှုအကြောင်းအရာ - လည်ပင်းဓားဒဏ်ရာဖိုင်ထဲကအချက်အလက်ကိုကြည့်ပြီးအရှေ့ကစားပွဲခုံပေါ် ဖိုင်တွဲကိုပစ်တင်ကာ ကျားကွက်ပေါ်မှ chessman ကိုဖယ်လိုက်ကာ
"အလုပ်ကြိုးစားခဲ့လို့ ကောင်းကောင်းအနားယူပါ။ဘာဘဲဖြစ်ဖြစ် နောက်ဘဝမှာသူများအသက်သတ်မှ ထမင်းစားရမယ့်ဘဝမျိုးမရပါစေနဲ့ ဟက်"
အလင်းဝင်ခြင်းအလျဉ်းမရှိတဲ့အခန်းငယ်ထဲ တိတ်ဆိတ်စွာထိုင်နေတဲ့ Hiroki စကားသံမှာ လေထုထဲအေးစက်စွာထွက်ပေါ်လျက်။
******
"အမြဲတမ်းသူ့ဖက်ကခြေတစ်လှမ်းသာနေတာ။ငါတို့ဖက်က ထပ်အချိန်ဆွဲမနေသင့်တော့ဘူး ဟီဆွန်း"
Jay ပြောတာကို Bea လည်းခေါင်းညိတ်ပြကာ
"Jay ပြောတာဟုတ်တယ်။လိုအပ်တဲ့သက်သေတွေလည်းအစုံရှိနေပြီ...အဲ့လူကဘယ်လောက်သူ့အာဏာကိုအသုံးချနေပါစေ သူလုပ်ထားတဲ့လက်နက်ရောင်းဝယ်ရေးအမှုတွေကို နိုင်ငံတကာရဲတပ်ဖွဲ့လက်ထဲ အခုလွှဲမယ်ဆိုလွှဲလို့ရနေပြီ။အဲ့အခါကျ လူသတ်မှု၊တရားမဝင်လက်နက်ရောင်းဝယ်မှုပါပေါင်းပြီး သူ့နောက်ခံကိုသုံးလို့ သေဒဏ်ကလွှတ်ရင်တောင် ထောင်ဒဏ်ကတော့ဘယ်လွှတ်မလည်း"
Bea နဲ့ Jay ဆိုလိုတာကိုသူနားလည်ပေမယ့် တစ်ဖက်မှာ ဆောင်းဟွန်းအဆင်သင့်ဖြစ်ပါ့မလားစိတ်ပူရသေးသည်။
အခုမှဖြစ်ရပ်မှန်တွေကိုသိခါစလူကို အတင်းဖိအားပေးလိုက်ရင် အဆင်ပြေပါ့မလား။
ပြီးတော့ ဆောင်းဟွန်းမပြောလည်းသူသိသည်။ဆောင်းဟွန်းအဖေ ရှင်းယောင်းကဘာလို့ အယ်လီကိုတားခဲ့တာလည်းဆိုတာ ချစ်ရသူကမဖြစ်ဖြစ်တဲ့နည်းနဲ့ သိအောင်လုပ်တော့မယ်ဆိုတာ။
"ဟူးးးး...."
"ငါဆောင်းဟွန်းကိုမေးကြည့်ပါအုန်းမယ်။အချိန်ဆွဲမနေသင့်တော့တာသိပေမယ့် နောက်ဆုံးအဆုံးသတ်ကို ဆောင်းဟွန်းကိုင်တွယ်ရမှာဆိုတော့ သူလည်းအနည်းနဲ့အများအန္တရာယ်ရှိလာမှာ။မင်းတို့လည်းအသိဘဲ...အဲ့လူကဘယ်လောက် မျက်စိလျင်တဲ့မြေခွေးလည်းဆိုတာ"
YOU ARE READING
ALOHA | Heehoon ✓
FanfictionThere's a picture with a glamour blue sky and under that sky, the moon and the sun are rising together. One represents peacefulness while the other represents warmth. Tell me.. isn't it perfect ? Start : 8/27/2021 End : 10/18/2021 Extra : 11/1/2021 ...