Epilogue

3K 212 16
                                    



လောကကြီးထဲ နေထိုင်တဲ့ လူသားတိုင်းလိုလိုမှာ ထုတ်မပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ၊ စီးကရက်ငွေ့တစ်ခုလို လေထဲပျောက်ပြယ်သွားစေချင်တဲ့ မှတ်ဥာဏ်တွေ၊ မကျေမနပ်ထွက်လာမယ့်စကားလုံးတွေအစား ဆပ်ပြာပူဖောင်းတွေမှုတ်ထုတ်လိုက်ခြင်းနဲ့ အဆုံးသတ်လိုက်တဲ့အရာတွေဆိုတာ ရှိစမြဲပဲမလား။

သေချာစဉ်းစားကြည့်ရင် ဒီလောကကြီးကို စိတ်ပျက်ဖို့ကောင်းလောက်အောင် ဟန်ဆောင်မှုတွေ၊ အတ္တတွေနဲ့ဖုံးလွှမ်းနေခဲ့တော့ မပူလောင်ရတဲ့နေ့ဆိုတာ လက်ချိုးရေလို့ရလောက်တယ်။

ဒါဆို...နေချင်စရာမကောင်းတဲ့လောကကြီးထဲ လူသားတွေကဘာလို့ပျော်ရွှင်နေကြသေးတာလည်း...?

ဒီမေးခွန်းမေးလာခဲ့ရင် ကျွန်တော့်အတွက် အဖြေက.....ကျွန်တော့်ကိုယ်ပိုင် ပျော်ရွှင်မှုတွေဖြစ်တည်ရာ ထိုသူကြောင့်ဘဲပေါ့။


— ALOHA FINAL —

မိုးကုန်လို့ ဆောင်းကူးချိန်ဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီကသိပ်လှတယ်တဲ့.....

ဆောင်းရာသီဆို ပထမဆုံးနှင်းကျချိန် ချစ်တဲ့သူနဲ့အတူရှိခွင့်ရရင်တော့ အတိုင်းထက်အလွန်ပေါ့။

ချစ်တဲ့သူဆိုတာ နှလုံးသားနဲ့ရင်းပြီးချစ်ရတဲ့သူရယ် ဖြူစင်တဲ့မေတ္တာနဲ့ အရောင်မပါဘဲချစ်ရတဲ့သူရယ် နှစ်မျိုးရှိတဲ့ထဲ ဘယ်သူနဲ့ပဲ အတူရှိနေပါစေ ကိုယ်ချစ်တဲ့သူနဲ့တော့ အကုန်အတူရှိချင်ကြတာဘဲမလား။

ဒါပေမယ့် သူကတော့ ထိုထဲကတစ်မျိုးနဲ့ ထာဝရအတူမရှိနိုင်တော့ဘူးဆိုတာ အရှေ့က အုတ်ဂူလေးက သက်သေဖြစ်နေခဲ့သည်။

*******

Last 3 weeks ago

ရင်ဘတ်နေရာက တင်းကြပ်စွာဖိမှုနဲ့အတူ နားထဲလေတိုးသံတွေကြားရာကနေ လှိုင်းသံများနဲ့ရောနှောကာ တစ်စုံတစ်ရောက်ရဲ့ သူ့နာမည်ကိုစိုးရိမ်တကြီး အော်ခေါ်နေသံများကိုကြားလိုက်ရသည်။

အဆုတ်ဆီကတိုးထွက်လာတဲ့ လှိုက်မောမှုတစ်ခုနဲ့အတူ ဆန်တက်လာတဲ့ တင်းကြပ်မှုတို့က ချောင်းအဟတ်မှာ ပြေလျော့သွားတော့သည်။

ALOHA | Heehoon ✓Where stories live. Discover now