Wake Up In Day One ~ ~ ~ဖုန်း alarm သံနဲ့အတူ သွားစရာရှိတယ်ဆိုတဲ့အသိကြောင့် ဆောင်းဟွန်းဆက်မအိပ်တော့ဘဲအိပ်ရာပေါ်ထထိုင်လိုက်သည်။ဖုန်းကနာရီကိုကြည့်လိုက်တော့ ၇နာရီအတိ....
ရေချိုးပြီးအထွက် ကုတင်ခြေရင်းမှာအဆင်သင့်တင်ထားပေးသော ဝတ်စုံကြောင့် မနက်ခင်းနေခြည်နွေး"လို ကြည်နူးစိတ်ကဖြစ်လာရသည်။
အိမ်အောက်ထပ်ကိုဆင်းလာတော့ ဟီဆွန်းဟျောင်းက ဧည့်ခန်းထဲအလှစိုက်ထားတဲ့ cactus ပင်ကိုရေလောင်းနေသည်။သူ့ကိုမြင်တော့ ဟျောင်းကသေချာကြည့်လာပြီးမှ
" Morning ဟွန်း....ညကကောင်းကောင်းအိပ်ပျော်တယ်မလား။အိပ်ရာအပြောင်းအရွေ့ဆို အိပ်မပျော်မှာဆိုးလို့"
" အရင်ကတော့ဟုတ်ပေမယ့် ဒီနေ့တော့ထူးဆန်းတယ်။ဟျောင်းအိမ်မှာမလို့နေမယ်"
ကြည်လင်နေတဲ့မျက်ဝန်းလေးက ရယ်ရွှင်"လေးဆိုလာတော့ ဟီဆွန်းပါပြုံးလိုက်မိပြီး
" ဒါနဲ့ ဟွန်းကကိုယ်ထုတ်ပေးထားတာနဲ့လိုက်သားဘဲ....ဒါမှမဟုတ် ဟွန်းကအစကတည်းက လှတာလည်းပါမယ်ထင်တယ်"
" ဒါပေမယ့် ဟျောင်းကိုမှီပါ့မလား။ ကျတော့်ရဲ့ဟျောင်းက idol မလို့ အများကြီး fashion ကျတာမလား"" ဟွန်း....အခုကိုယ့်ကို ကျတော့်ရဲ့ဟျောင်းလို့ခေါ်လိုက်တာလား"
ဒီကလေးနှယ်...သူ့ကိုရင်ခုန်လွန်ပြီး ရူးသွားအောင်များ ထိုစကားကိုများပြောရက်တာလား။
" ဟျောင်းဖက်ကကြီးဘဲ ကျတော့်ကိုရိသဲ့သဲ့စကားတွေပြောနေတာ အဲ့တာကြောင့် လက်စားပြန်ချေတာလေ။ရင်ခုန်သွားတယ်မလား"
YOU ARE READING
ALOHA | Heehoon ✓
Fiksi PenggemarThere's a picture with a glamour blue sky and under that sky, the moon and the sun are rising together. One represents peacefulness while the other represents warmth. Tell me.. isn't it perfect ? Start : 8/27/2021 End : 10/18/2021 Extra : 11/1/2021 ...