Part VIII

1.4K 174 21
                                    


" CEO စုံစမ်းခိုင်းထားတဲ့ email address ကိုသိရပါပြီ။location က Australia ကပေမယ့် အဲ့အထိဘဲစုံစမ်းလို့ရတယ်...ထပ်စုံစမ်းဖို့က security အထပ်ထပ်ဖြစ်နေပါတယ်"

အတွင်းရေးမှူးတင်ပြလာတဲ့ အရာကိုနားထောင်ပြီး Jay ပိုစဉ်းစားရကြပ်သွားသည်။Australia ကနေ Korea ထိဒီလိုတွေပို့ပြီး အနီးကပ်ရှိနေတဲ့သူတို့တောင်မသိတဲ့ ဆောင်းဟွန်းအကြောင်းတွေဘယ်လိုသိနေရတာလည်း။

" ဒါဆိုလည်းပင်ပန်းသွားပါပြီ။လုပ်စရာရှိတာ ဆက်လုပ်လို့ရပြီ"

အတွင်းရေးမှူးထွက်သွားကာမှ email ကိုပြန်ကြည့်မိတော့ အောက်ဆုံးမှာတွေ့လိုက်ရတဲ့ တယောပုံစံ emoji လေး။ဘာရည်ရွယ်ချက်နဲ့ ဒီလိုsign ကိုပါထည့်ပို့ရတာလည်း။

" Jay....မင်းနာမည်နဲ့စာတစ်စောင်ရောက်နေလို့ ငါယူလာပေးတာ"

အခန်းထဲဝင်လာတဲ့ ဟီဆွန်းလက်ထဲ အနီရောင်စာအိတ်လေးတစ်ခု။အနီရောင်ဗြောင်ပေါ်မှာမှ အဖြူရောင်ကြေးပြားပုံစံလေးပေါ်မှာ ရေးဆွဲထားတဲ့ ခြင်္သေ့ပုံစံလေး။

Jay သေချာစိုက်ကြည့်ပြီး မျက်မှောင်ကြုံ့သွားမိသည်။ဒီလိုစာအိတ်ကိုသုံးတဲ့သူကရှိသေးတာလား ...မသိရင် တော်ဝင်ပွဲတွေဖိတ်တာကြနေတာဘဲ။

" ဘယ်သူပေးတာလည်းသိလား"

သူ့အမေးက ဟီဆွန်းကခေါင်းခါပြကာ

" မသိဘူး လမ်းမှာမင်းအတွင်းရေးမှူးက CEO ကိုပေးပေးပါဆိုပြီးပြောလို့ယူလာပေးတာ။အထဲမှာဘာရေးထားလည်း"

စာအိတ်ကိုဖွင့်ကြည့်တော့ အညိုရောင်စာရွက်တစောင်ထဲ။ဒါပေမယ့်ဘာစာမှမပါဘဲ ဗလာနတ္ထိ....Jay ကဟီဆွန်းကိုလှမ်းကြည့်ပြီး

" ဟေ့ကောင် မင်းငါ့ကိုလာနောက်နေတာလား"

" ဟ ဘာကိုနောက်ရမှာလည်း။ယူလည်းယူလာပေးရသေးတယ်"

" မင်းယူလာပေးတာကြီးက ဘာစာမှမပါတာကြီးလေ"

" ဟင် ငါ့ကိုပြ"

သူ့လက်ထဲကစာရွက်ကိုဆွဲယူသွားပြီး ဖင်ပြန်ခေါင်းပြန်ကြည့်ပြီးမှ

" တစ်ယောက်ယောက် လက်ကမြင်းပြီးပို့တာနေမယ်။ဒီခေတ်ကလေးတွေကအဲ့လိုဘဲ"

ALOHA | Heehoon ✓Where stories live. Discover now