Part XII

1.6K 191 16
                                    


တစိမ့်"ရွာနေတဲ့မိုးသံနဲ့အတူ မှိုင်းညို့နေတဲ့ကောင်းကင်ကြောင့် မနက်လားညလားပင်မသဲကွဲတော့...

အသက်ရှူသံဖွ"ကလည်ဂုတ်ဆီရိုက်ခတ်နေလေတော့ ခါးနားကိုဖက်ထားတဲ့လက်တစ်စုံကြောင့် အနောက်ပါးဆီကရင်းနှီးပြီးသားလူတစ်ယောက်ဆိုတာသိလိုက်ရသည်။

"မင်းအရမ်းဆိုးတယ် Hiroki..."

ဖက်ထားတဲ့လက်ကိုဆွဲဖယ်ပြီးအထ သူ့လက်ကိုပြန်ဆောင့်ဆွဲပြီး

"ခဏ...မထနဲ့အုန်း"

"ထတော့...မင်းပြန်သင့်နေပြီ။ဒါမင်းအိမ်မဟုတ်ဘူး။အချိန်မရွေးဆောင်းဟွန်းပြန်လာနိုင်တယ်"

"အမြဲတမ်းနှင်လွှတ်နေတာဘဲ...ကိုယ့်ကိုအဲ့လောက်တောင်မကြည်တာလား"

"သိပြီးသားကို လာလာမမေးနဲ့။"

ကုတင်ပေါ်ကနေထလာကာ သူ့ကိုဆွဲလဲချလိုက်ပြီး

"မနက်စောစောစီးစီးရန်မဖြစ်ချင်ပါနဲ့လား"

"မင်းငါ့အပေါ်ကဖယ်စမ်း"

စွာလွန်းတဲ့နှုတ်ခမ်းလေးကို အတင်းဆုပ်ကိုင်ကာဖိကပ်နမ်းနေတုန်း

ဒေါက် ဒေါက် ဒေါက်

"ဒယ်ဒီ...အခန်းထဲမှာလား"

အခန်းတံခါးခေါက်သံနဲ့အတူ ဆောင်းဟွန်းအသံကြားလိုက်တော့ ရှင်းယောင်းရင်ထဲထိတ်ခနဲ။အပေါ်ကလူမှာလည်း လွှတ်ပေးမယ်ပုံမရ...

"တော်...တော်တော့။Hiroki..!!"

"ဒယ်ဒီ...အိပ်နေတုန်းလား။ကျတော်ဝင်လာလို့ရလား"

"ခ-ခဏ....Hiroki ငါ့ကိုလွှတ်"

မနက်စော"သူရောက်ကတည်းက အခန်းထဲကထွက်မလာတဲ့ဒယ်ဒီကြောင့် မနက်စာစားချိန်လွန်နေကြောင်းပြောဖို့အလာ ဘယ်လောက်ခေါ်"ဒယ်ဒီ့အသံမကြားရတော့ ဆောင်းဟွန်းထူးဆန်းသွားသည်။

ဒယ်ဒီက အဲ့လောက်အိပ်တတ်တဲ့သူမှမဟုတ်တာ...

"Hiroki...!!"

"ဒယ်ဒီ ကျတော်ဝင်လာမယ်နော်"

တံခါးကိုလှည့်ပြီး ဝင်မယ်အလုပ် အထဲကတံခါးဖွင့်သံနဲ့အတူ ဒယ်ဒီကထွက်လာပြီး

ALOHA | Heehoon ✓Where stories live. Discover now