Jong Kook ရေချိုးပြီး ဧည့်ခန်းထဲထွက်အလာ၊ Jihyo ဖုန်းပြောနေသည်ကို နားစွန်နားဖျားကြားသွားခဲ့ သည်။
JH- Oppa? တကယ္သတိရေနတာ! ညီမအခု အိမ်ပေါ်ကဆင်းလာတာလေ။
KJK [Oppa? သူ့အစ်ကိုဆိုရင်တော့ သူအိမ်ပေါ်ကဆင်းလာတာသိမှာပေါ့။]
JH- ညီမကအခု အလုပ်လုပ်နေပြီ။ အလုပ်ရှင်က နည်းနည်းတော့ ခွကျတယ်။ ညီမထက် အသက်အများကြီး ကြီးတာ။ တွဲသွားရင် သားအဖ အတိုင်းပဲ။ အခုတော့ သူနဲ့ နေနေတာ။
KJK [ဒီကေလးမေတာ့! တျခားသူကို ငါ့မကောင်းကြောင်းတွေ သွားပြောနေတယ်]
Jihyo တစ်ယောက်ကတော့ Jong Kook ကိုမတွေ့ရှာ။
JH- ဟုတ်။ ညီမလည်း အရမ်းလွမ်းတယ်လို့။
KJK [လွမ်းတယ်? တကယ်ပဲ သူတို့ကဘယ် လိုပတ္သက္တာလဲ? ငါ ဘာလို့သူ့အကြောင်းကို သိချင်နေရတာလဲ? မအီမသာဖြစ်လာပြီ]
Jihyo ကဖုန်းချသွားတော့မှ Jong Kook ကဝင်လာသည်။
KJK- ဘယ္သူလဲ?
JH- ဘာဖြစ်လို့လိုက်သိချင်ရတာလဲ?
KJK- ငါ့မကောင်းကြောင်းတွေပြောတယ်လေ။
Jihyo ခမ်ာ ပြူးတူးကြောင်တောင်လေးဖြစ် သွားရသည်။
JH [ဒုက္ခပဲ! ကြားသွားပြီ။]
JH- မဟုတ်လို့လား?
KJK- ဒီကေလးမကေတာ့!
Jihyo ရှေ့သို့ကုန်းပြီး ခြောက်လိုက်ရာ Jihyo ခမ်ာ လန့်ပြီးတုန်တက်သွားသည်။
KJK- လန့်တတ်တယ်ပေါ့?
JH- လူကို လန့်အောင်လုပ်တာကိုး။
Jihyo က စူပုပ်ပြလိုက်သည်။
KJK- အဲ့လိုကြီးမလုပ်စမ်းပါနဲ့! လူကိုလန့်အောင်။
JH- လန့်တတ်တယ်ပေါ့? ဘာလို့လန့်တာလဲ?
KJK- ဟို...ဟိုဟာ....ရုပ်ဆိုးလို့!
JH- ဒီဦးလေးကြီးကတော့!
KJK- လာပြန်ပြီလား? ဒါနဲ့ မင်းအိမ်က မင်းဒီမှာဆိုတာသိလား?
JH- အေဖကေတာ့မသိဘူး။ အစ်ကိုနဲ့ မောင်တွေကတော့သိတယ်လေ။
KJK- ခုနကတစ်ယောက်ကရော?