Jihyo အပြင်ကိုသာငေးကြည့်နေသောကြောင့် Jong Kook ကပဲ စကားစလိုက်ရသည်။
KJK- ဘာတွေတွေးနေတာလဲ?
JH- ဘာမွမေတြးပါဘူး။
KJK- တစ်ခုခုတော့ တွေးနေတယ်လေ။ နေမကောင်းဘူးလား။
JH- ကောင်းပါတယ်။
KJK- အဲ့ဒါဆိုလည်း စကားလေးဘာလေး ပြောပါဦးကွ။ ကိုတစ်ယောက်တည်း ရှိနေသလိုပဲ။
JH- တိတ်ဆိတ်တာကြိုက်တယ်ဆို။
KJK- မင်းအသံတော့ကြားချင်တာပေါ့။
(နည်းယူထားကြဟေ့)JH- ကျွန်မ စကားအများကြီးပြောရင်လည်း ဦးလေးကြီးက စိတ်တိုတယ်လေ့။
KJK- မတိုတော့ပါဘူး။ ချစ်သူလေးတစ်ယောက်တည်းရှိတာကို
JH- အရင်တုန်းကတော့ ကျွန်မကို အော်ဟစ်ဆူပူ နေပြီးတော့။
မီးပွိုင့်နီသွားတာနှင့် ကားရပ်လိုက်ပြီး Jihyo နဖူးကို နမ်းလိုက်သည်။
JH- ဘာလုပ္တာလဲ။
KJK- နမ်းတာလေ။
JH- တခြားသူတွေမြင်သွားမယ်။
KJK- မြင်လည်းဘာဖြစ်လဲ။ မင်းနဲ့ငါနဲ့ တွဲနေတာနယမှန်းသိသွားမှ မင်းနားကို လူမကပ်မှာပေါ့။ ရုံးကလူတွေကလည်း Canteen မွာ မင်းကိုပဲ ကြည့်နေတာ၊ ဒါတောင် ဘေးက ငါပါနေလို့သာပဲ။
JH- မ်က္စိပါတယ္ဆိုတာက ကြည့်ဖို့ပဲလေ။ သူတို့ဘာသာသူတို့ကြည့်တာကို၊ ကျွန်မက ဘာသွားပြောလို့ရမှာလဲလို့။
KJK- ကြည့်တဲ့သူတွေကလည်း ယောကျ်ားလေးတွေချည်းပဲ။ ငါအတွင်းလူလွှတ်ပြီး စုံစမ်းရတော့မယ်။
JH- ဘာမှလည်း မဆိုင်ဘူး။
KJK- မင်းနဲ့ပတ်သက်လာရင်တော့ ငါနဲ့ဆိုင်တယ်ကွ။
မီးစိမ်းသွား၍ စကားစမြန်မြန်ဖြတ်လိုက်ပြီး ကားမောင်းတာကိုသာ ပြန်အာရုံစိုက်လိုက်သည်။
JH- ဘာဖြစ်တာလဲ။ စိတ္ဆိုးသြားတာလား။
KJK- မဆိုးပါဘူး။
JH- အော်..... လူလွှတ်ပြီးတော့ မစုံစမ်းနဲ့တော့နော်။
KJK- အဲ့ဒါတော့ စဉ်းစားရဦးမယ်။