Chapter (12)

97 5 0
                                    

(Ring ring)
Jihyo ဖုန်းကိုင်လိုက်သည်။

JH- Oppa?

Gary- Jihyo လေး၊ ထမင်းရော စားပြီးပြီလား?

JH- Nae, oppa.

Gary- Oppa က အခုအိမ်မှာ။ Jihyo လည်း အိမ်ပြန်မလာသေးဘူးလား?

JH- ပြန်မလာချင်သေးဘူး။

Gary- Oppa က အရမ်းသတိရနေတာ။

JH- Jihyo လည်း အရမ်းသတိရနေတာပါနော်။

အိမ်ရှေ့ခန်းသို့ထွက်လာသော Jong Kookနှင့် Dong Hoon တစ်စွန်းတစ်စ ကြားသွားသည်။ Jong Kook ကေတာ့ အိပ်ခန်းဘက်သာ ဦးတည်လိုက်တော့သည်။
ကြည့်နေတဲ့ Dong Hoon ကေတာ့ ရယ်ချင်စိတ်ကို အောင့်အီးသည်းခံလျက်.....

JH- အဲ့ဒါဆို တာ့တာ။

Jihyo လည်းဖုန်းချပြီး အိပ်ခန်းဘက်ကိုသာ ဦးတည်လိုက်တော့သည်။ Jihyo တစ်ယောက် ကုတင်ပေါ်မှာ လှဲချရင်း၊ Jong Kook အကြောင်းသာတွေးနေမိသည်။ ယောကျ်ားလေးဆိုရင် အဖေနှင့် အစ္ကို၊ မောင်တွေနဲ့သာ ရင်းနှီးသော Jihyo တစ်ယောက်၊ ဒီလူကြီးနှင့်ကျမှ ရင်ခုန်သံတွေဆူညံနေပါရောလား။

*****

အလယ်တန်းကတည်းကသိခဲ့သည့် Eun Hye ကိုတောင် သံယောဇဉ်ထောက်ပြီး ရင်မခုန်ခဲ့သူ၊ အခုတော့ ကေလးသာသာ ချာတိတ်လေးနှင့်တွေ့မှ သံမဏိ နှလုံးသားကြီး အရည်ပျော်ကျနေရပါရောလား။

သူ့ညီ Dong Hoon ကောင်းမှုနှင့် မိန်းကလေးတွေအများကြီးနဲ့တွေ့ဖူးသော်လည်း၊ ဒီတစ်ယောက်ကျမှ မဖြစ်ဖူးတာတွေဖြစ်နေသည်။ အဲ့မိန်းကလေးကို မြင်ရရင် ပျော်နေတာ၊ အဲ့မိန်းကလေးကို တခြားယောကျ်ားလေးတွေနဲ့ တွေ့ရင် သဝန္တိုတတ္တာ၊ အဲ့မိန်းကလေးကို ဖက်ထားရရင်ပဲ သူပင်ပန်းနေတာတွေ ပျောက်သွားတတ်တာ၊ ဒါတွေအားလုံးဟာ အဲ့မိန်းကလေးနဲ့တွေ့မှ ဖြစ်လာရတဲ့အရာတွေသာ။ တစ်သက်လုံး မျက်နှာတည်ထားခဲ့တဲ့ လူတစ်ယောက်၊ အဲ့မိန်းကလေးနဲ့တွေ့မှ ပြုံးရယ်လို့။ ဒါတွေဟာ အချစ်မဟုတ်ရင် ဘာမ်ားလဲ?

*****

သမီးလေးတစ်ယောက်တည်း၊ မိခင်ကလည်း မီးတွင်းထဲမှာတင်ဆုံးသွား၍ တစ်သက်လုံးအလိုလိုက်ကာ ချစ်ခဲ့ရသော သမီးလေး။ ဒီနေ့အိမ်ပြန်ရောက်ကတည်းက မျက်နှာမကောင်းပေ။

My little secretaryWhere stories live. Discover now