Chapter (27)

90 5 0
                                    

လမ်းတစ်လျှောက်လုံး Jihyo မွာ Jong Kook သူမကို စိတ်ဆိုးမှာစိုးလို့ အရိပ်တကြည့်ကြည့်နှင့်လိုက်လာသည်။
ပထမက Gary. အခုတော့ Chen Bolin ဆိုတဲ့ Taiwan ကကောင်လေး။

KJK- မနက်ဖြန် ကိုကို CSI နဲ့ပူးပေါင်းပြီးတာနဲ့ ညနေကျရင် ယောက္ခမလောင်းကြီးက ထမင်းဖိတ်ကျွေးမယ်တဲ့။

JH- ဘာကို ယောက္ခမလောင်းကြီးလဲ?

KJK- ယူမွာပဲဟာကို။ အခုကတည်းက အကျင့်လုပ်ထားတော့ကောင်းတာပေါ့။

JH- ဟွန့်။

KJK- ထမင်းဖိတ်ကျွေးမှာက အလုပ်ကိစ္စအတွက်မဟုတ်ပဲ၊ မိသားစုအနေနဲ့ပါတဲ့။ အဲ့တော့ ချာတိတ်မိသားစုရယ်၊ ကိုကိုရယ် Dong Hoon ရယ်ပဲနော်။ Gary လည်းပါမယ်တဲ့။
သူလည်း မင်းမိသားစုပဲလေ။

JH- အဲ့တော့ Jihyo တို့အိမ်မှာကျွေးမှာလား။

KJK- ဟုတ်တယ်လေ။ ရုံးဆင်းရင်၊ အိမ်ခဏပြန်မယ်။ ပြီးမှ သြားမွာ။

အိမ်ပြန်ရောက်တာနှင့် Jong Kook ရေအရင်ဝင်ချိုးသည်။ Dong Hoon လည်း အိမ်မှာမရှိသဖြင့် နှစ်ယောက်သား ကြောက်ရမည့်သူလည်းမရှိတော့။

****

Sofa ပေါ်ထိုင်နေသော Jong Kook ဘေးတွင် Jihyo ကဝင်ထိုင်လိုက်သည်။
ထို့နောက် Jong Kook ရင်ခွင်ထဲအတင်း တိုးဝင်တော့သည်။ Jong Kook ကလည်း သူမကို ညာဘက်လက်နှင့် ဖက်ထားသည်။

KJK- ဘာဖြစ်လို့လဲ ကေလး?

JH- ပျင်းလို့။

KJK- TV ကြည့်လေ။

JH- မကြည့်ချင်ဘူး။

စူပုပ်ပုပ်လေးနှင့် သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေသော ကောင်မလေးကိုကြည့်ပြီး Jong Kook ပြုံးမိသည်။ သူမလေးကြောင့်သာ သူ့ဘဝမှာမဖြစ်ဖူးတာတွေဖြစ်နေရပြီမလား။

KJK- ကဲပါ ပြီးရင် ထမင်းစားမယ်လေ။

JH- ဦးလေးကြီး..... Jihyo နဲ့ကလေ....
တစ်နှစ်စာချုပ်ချုပ်ထားတာဆိုတော့..... တစ်နှစ်ပြည့်လို့ Jihyo အလုပ်ထွက်သွားရင် ဦးလေးကြီးနဲ့ မတွေ့ရတော့ဘူးပေါ့နော်။

KJK- ငတုံးမလေး။ Jihyo လုပ်ချင်ရင် ဆက်လုပ်လို့ရပါတယ်။ Jihyo မလုပ်ချင်တော့လို့ ထွက်သွားရင်လည်း၊ အဲ့အချိန်လောက်ကျရင် ကိုကိုနဲ့ လက်ထပ်ပြီးလောက်ပြီလေ။

My little secretaryWhere stories live. Discover now