Chapter (19)

93 5 0
                                    

Eun Hye ရဲ့ နားထဲမွာ Jong Kook ပြောခဲ့တဲ့စကားတွေက ပဲ့တင်ထပ်နေသည်။
Jong Kook မချစ်သည့် သူမကိုယ်သူမလည်း မုန်းမိသည်။ သို့သော် Jong Kook ကိုတော့ ချစ်နေဆဲပင်။ အမုန်းဆုံးကတော့ Cheon Seong Im.

အလယ်တန်းကတည်းက သံယောဇဉ်ကိုမှမထောက်၊ Jong Kook က သူမကို ထို Cheon Seong Im ဆိုသော မိန်းကလေးအတွက်နဲ့ ခါးခါးသီးသီး အဆက်အသွယ်ဖြတ်ခဲ့သည်မလား။
သူမထက် 10 နှစ်ငယ်သော်လည်း၊ သူမကိုတောင် ကျော်သွားနိုင်နေသည်ဟုသာ တွေးမိသည်။ Jong Kook ချစ်တဲ့သူကလည်း ထိုမိန်းကလေးပဲမလား။

****

တစ်ဖက်တွင်တော့ Jong Kook တစ်ယောက် Jihyo ကို အားနာနေသည်။ သူ့အနားမှာရှိနေလို့ သူမဒီလို ဖြစ်ရတာမလား? သို့သော် သူမကိုလည်း လက်မလွှတ်နိုင်။ သူ့ကို အတ္တကြီးလွန်းသည်ဟု သူမ ထင်သွားမလားလည်း တွေးမိသည်။

Jihyo လည်း စိတ်ထဲတွင် လန့်သွားသည်။ Yoon Eun Hye ကို ပြောခဲ့သည့် စကားတွေထဲမှာ သူမ Jong Kook ကိုချစ်သည် ဟူသော ဝန်ခံချက်လည်း ပါနေသည်မလား။ Jong Kook သာ စောစောရောက်လာခဲ့ပြီး သူတို့ပြောတာကိုသာ နားထောင်နေခဲ့ရင် သူကြားသွားမှာ အေသအခ်ာ။ သို့ပေမယ့် Jong Kook ရောက်တာနောက်ကျခဲ့ပြီး သူတို့ပြောစကားကိုလည်း နားထောင်မနေခဲ့ပါ။ အခန်းထဲချက်ချင်းဝင်လာခဲ့လို့သာ သူမစိတ်အေးသွားရသည်။ သိတာမွ တစ်ပတ်ပဲ ရှိသေးသည့် လူအား ချစ်မိသွားသည်ဟု တခြားသူတွေသိရင် သူမကို အပေါစားဆန်တယ်ပဲ ထင်မလား။ အယုံလွယ်တယ်လို့ပဲ ထင်မလားမသိ။
ထိုအတွေးများကြားသာ သူမ နစ်မြောနေခဲ့သည်။

****

Gary [သူ ဘယ်တော့ အဖြေပေးမှာလဲမသိဘူး။ ငြင်းရင်တော့ ဒုက္ခပဲ။ ငြင်းလည်း ခံရုံပေါ့။ သူ့ကိုချစ်ရင် ဘာဖြစ်ဖြစ် ခံနိုင်ရမှာပေါ့]

Gary တွေးရင်း သူမ ဓာတ်ပုံလေးကို ငေးကြည့်နေမိသည်။ ဘေးက Dong Hoon ကလက်တို့မှ သတိပြန်ကပ်လိုက်သည်။

HDH- Gary ah.

Gary- Nae.

HDH- ငါမင်းကို မေးမယ်နော်။

Gary- ဟုတ်ကဲ့။

HDH- မင်း...... Jihyo ကိုကြိုက်လား။
အမှန်အတိုင်းပြောလို့ရတယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲတတ်ရင် ပြီးရော။

My little secretaryWhere stories live. Discover now