နေ့လည်စာစားပြီးတာနှင့်၊ နှစ်ယောက်သား ရုံးခန်းထဲပြန်ရောက်လာသည်။
KJK- တကယ်တော့လေ.... ကိုနည်းနည်းစိတ်လှုပ်ရှားနေတယ်။
JH- ဟင်? ဘာကိုလဲ?
KJK- မင်းမိသားစုနဲ့ ထမင်းစားရမှာကိုပေါ့။ မင်းမောင်လေးတွေက ကို့ကိုသိပ်ကြည့်မရဘူးထင်တယ်။
JH- ဟယ်..... ဘယ္လိုသိတာလဲ?
KJK- ဒီလိုပဲပေါ့ကွ။ သူတို့ထုတ်မပြရင်တောင်၊ သိမှာပဲလေ။ အစ်မတစ်ယောက်တည်းရှိလို့ တစ်အိမ်လုံးကလည်းဝိုင်းချစ်တာကို.....
ကိုနဲ့ကြိုက်တယ်ဆိုတော့JH- CEO ကကျွန်မထင်ထားတာထက် ဉာဏ္ထက္တာပဲ။
KJK- ဒီကလေးမလေးတော့....
ပြောရင်းနှင့်ပင် Jong Kook က Jihyo ကိုပြေးဖက်သည်။
JH- CEO! လွှတ်ပါ.... ရုံးချိန်ကြီးမှာကို
KJK- မလွှတ်ချင်ပါဘူး။
JH- CEO နော်.... လွှတ်ပါတော့ဆို
KJK- အဲ့ဒါ အလုပ်ရှင်ကို မကောင်းပြောလို့ အပြစ်ပေးတာ။
JH- CEO နော်.... ကိုယ်ကအလုပ်ရှင်ဆိုတိုင်း အပြစ်ပေးချင်တိုင်းပေးနေတော့တာပဲ။ အပြစ်ပေးတာကလည်း၊ အသားယူပြီးတော့
KJK- အဲ့ဒါဆိုရင် အပြစ်မလုပ်နဲ့ပေါ့ကွ။
Jihyo ကနှုတ်ခမ်းလေးစူကာ သူ့ကို မျက်လုံးလှန်ကြည့်သည်။ Jong Kook ကလည်းသူမနှုတ်ခမ်းလေးအား နမ်းလိုက်တော့သည်။ သူမခေါင်းလေးကိုကိုင်ကာ အတင်းဖိကပ်ထားသည့်အတွက် သူမရုန်းထွက်လို့လည်းမရ။
ခဏအကြာမှ သူမကိုလွှတ်ပေးလိုက်ကာ၊ သူမမျက်လုံးလေးအပြူးသားနှင့် အူတူတူဖြစ်နေပုံလေးကိုကြည့်ပြီး ပိုအသည်းယားရသည်။
KJK- လူကိုပိုပြီးအသည်းယားအောင် လုပ်မနေနဲ့ကွာ။
JH- ဒီမွာ!
KJK- ဒီနေ့ည၊ မင်းမိသားစုနဲ့တွေ့ရင် မင်းနဲ့လက်ထပ်မယ့််အကြောင်းပြောမှာ။
JH- ရှင်? ကျွန်မဘာမှ မပြောရသေးဘူးလေ။
KJK- ဘာလဲ။ မင်းက ကိုကို့ကို လက်မထပ်ချင်ဘူးလား?