အိမ်ပြန်ရောက်တာနှင့်တစ်ပြိုင်နက် Jihyo ခမ်ာ Jong Kook နောက်သို့ပါသွားသည်။
KJK- အခန်းတံခါးဖွင့်ထား။ Dong Hoon အထင်လွဲသွားဦးမယ်။
Jihyo က အခန်းတံခါးကို အဆုံးထိ ဖွင့်ချလိုက်သည်။
KJK- ဒီကိုလာဦး။ ဒါကောင်းလား?
JH- အနက်ရောင်ကြီး? ဒီ မိးခိုးက ပိုကောင်းတာ။
KJK- မီးခိုးရောင်ကြီးမဝတ်ချင်ပါဘူး။
JH- အနက်ပဲဝတ်နေတော့မှာလား? ဒီညေတာ့ မီးခိုးလေးဝတ်ပါနော်?
Jihyo က ချစ်စရာကောင်းအောင် လုပ်ပြသည်။
KJK- ဘာဖြစ်တာတုန်း? အဲ့မျက်နှာက...
Jihyo ဒေါသထွက်တဲ့ပုံလုပ်လိုက်ပြီး
JH- ဒီညေတာ့ မီးခိုးရောင်ဝတ်ဟ!
KJK- လူလေးနဲ့မလိုက်အောင်ဘာလို့ အော်ရတာလဲ? လူကိုလန့်အောင်....
JH- ဒီ မီးခိုးလေးပဲဝတ်လိုက်ပါ။ ကုတင်ပေါ် ဖြန့်ခဲ့မယ်။
KJK- ငါ ဘာမှတောင်မပြောရသေးဘူး။
JH- မသိဘူး။
Jihyo က ကုတင်ဘက်မှပြန်အလှည့်တွင် Jong Kook ကသူ့ရှေ့၌ ပေါ်လာသည်။
JH- လန့်လိုက်တာ!
KJK- ငါဒီမှာပဲရှိနေခဲ့တာလေ။
JH- ရှင်က စိတ်ရှုပ်စရာဘဲ!
KJK- မင်းအခု ငါ့ကို စိတ်ရှုပ်စရာလို့ ပြောလိုက်တာလား?
JH- တကယ်လည်း စိတ်ရှုပ်စရာပဲကို!
Jihyo ကထွက်သွားမည်အလုပ်၊ အရမ်းနီးနေတဲ့ Jong Kook ခြေထောက်နဲ့ ခလုတ်တိုက်မိပြီး ပြုတ်ကျခါနီးတွင် Jong Kook က လှမ်းဆွဲလိုက်သော်လည်း အရှိန်လွန်၍ Jihyo ကုတင်ပေါ်သို့ ပက်လက်လန်၍ ပြုတ်ကျသွားလေသည်။ ဆွဲလိုက်သည့် Jong Kook လည်း Jihyo အပေါ်သို့ က်သြားရာ နှစ်ယောက်လုံး၏ နှုတ်ခမ်းများက ထိကပ်သွားသည်။
နှစ်ယောက်လုံး ဘာလုပ်ရမှန်းမသိဘဲ ထိုအခြေအနေဖြင့်သာ နေနေကြသည်။
"Hyung ရေ ကျွန်တော်ပြန်လာ....MWUHAH?!" အိမ်ပြန်ရောက်လာသော Dong hoon က Jong Kook နှင့် Jihyo တို့ကိုတွေ့သွားသည်။