Jong Kook ကားကို အိမ်ရှေ့တွင်သာ ထိုးရပ်လိုက်ပြီး အိမ်ထဲသို့ပြေးဝင်သွားသည်။
ဧည့်ခန်းထဲသ့ိုရောက်သည်နှင့် အပူအပင်ကင်းကင်းနှင့် အိပ်ပျော်နေသော Jihyo အား Jong Kook တွေ့လိုက်ရသည်။ ဘောလုံးပွဲလိုင်းကတော့ ပွင့်လျက်သား။KJK [ဒီကလေးကတော့လေ။ ဘောလုံးပွဲလည်း ကြည့်တာပဲလား?]
Jong Kook တွေးရင်းနဲ့ပင် TV ပိတ်လိုက်သည်။ ပြီးမှ Jihyo ဘက်ကိုလှည့်ပြီး သူမကို ပွေ့ချီကာ အိပ်ခန်းဘက်သို့ လျှောက်လာခဲ့သည်။
HDH- Hyung! ပြန်လာပြီလား? စောတယ်နော်။ အယ်....သူက....
KJK- မင်းကဘယ်သွားနေတာလဲ?
HDH- ဘောလုံးပွဲပြီးသွားလို့ အိမ္သာခဏသြားတာ။
KJK- သူ့ကိုသွားပို့လိုက်ဦးမယ်။
Jong Kook သူမကိုပွေ့ချီထားရင်း ဘာရယ်မဟုတ်၊ ငုံ့ကြည့်လိုက်မိသည်။
ကလေးတစ်ယောက်လို အိပ်မောကျနေသည့် ကေလးမေလး။ ကလေးစိတ်ပင်မကုန်သေးသော အသက် 20 အရွယ် ကောင်မလေး။ Jong Kook နှလုံးသားလေးခုန်တာ မြန်သည်ထက် မြန်လာပြီ။ သူမေလးကေတာ့ ဘာမှမသိရှာ၊ Jong Kook ရင်ခွင်ထဲတောင် တိုးဝင်လိုက်သေးသည်။JH- အင်း......
KJK [တော်တော်ဆိုးတဲ့ကလေးမ! အိပ်တာတောင်ကောင်းကောင်းမအိပ်ဘူး။]
ကုတင်ပေါ်တွင် သူမေလးကို အသာချပြီး အခန်းထဲမှပြန်အထွက်၊ Dong Hoon က အခန်းဝတွင် အဆင်သင့်စောင့်နေသည်။
KJK- မအိပ်သေးဘူးလား? သူတောင်အိပ်သွားပြီ။
HDH- အခုမွ 9 နာရီထိုးတာကို။ သူက အစောကြီးလည်းထရသေးတယ်လေ။ နေ့လည်လည်းမအိပ်ထားဘူးထင်ပါရဲ့။ အစ္ကိုက အကြမ်းပတမ်းကြီးလုပ်လိုက်တော့ ရင်တုန်သွားတာနေမှာ။
KJK- တော်တော့။ မင်းဘာလို့ ဖုန်းမကိုင်တာလဲ?
HDH- ဖုန်းကအိပ်ခန်းထဲမှာ။
KJK- သူကလည်းဖုန်းမကိုင်ဘူး။
HDH- သူ့ဖုန်းလည်းအိပ်ခန်းထဲမှာလေ။
KJK- တစ်ခုခုဖြစ်ပြီထင်တာ။
HDH- စိတ်ပူတယ်ပေါ့?
KJK- မပူစေချင်ရင်ဖုန်းကိုင်လေ။
HDH- ကျွန်တော့ကိုကျတော့ တစ်ခါမှ မပူဖူးဘူးလေ။ CEO Kim ရယ်။