ညနေဘက် မိသားစုနှင့်ပြန်တွေ့ရမည်ဖြစ်၍ Jihyo လေးတက်ကြွနေသည်။ မနက်နိုးကတည်းက လုံးဝအိပ်မငိုက်ခဲ့။ ရုံးသွားရန် အစောဆုံးပြင်ဆင်ပြီးသူမှာ သူမပင်။ မနက်စာစားတာတောင်မှ ပြုံးပြုံးရွှင်ရွှင်။
HDH- Jihyo လေး ဒီနေ့လန်းဆန်းနေတယ်နော်။ ညနေကျရင် အဖေတို့၊ အစ်ကိုတို့နဲ့တွေ့ရမှာမလို့မလား?
Jihyo က Dong Hoon ကို ဖရဲသီးတစ်စိတ်စာလောက်ကျယ်သော အပြုံးမျိုးပြုံးပြရင်း ခေါင်းညိမ့်သည်။
Jong Kook ကေတာ့ သူမပြုံးတာကိုကြည့်ပြီး၊ သူပါလိုက်ပြုံးနေသည်။
သူမပျော်ရွှင်နေတာကိုမြင်ရတာက သူ့အတွက်ပျော်ရွှင်မှုတစ်မျိုးပဲလေ။KJK- ငါတို့ ဒီနေ့ညအိမ်မှာပဲနေပြီး၊ နောက်နေ့မှသွားဖို့ ရက်ရွှေ့လိုက်ရင်ကောင်းမလား?
Jong Kook မနေနိုင်မထိုင်နိုင် စမိတော့၊ Jihyo ကသူ့ကို ပြာကျမတတ်အကြည့်နှင့် ကြည့်လိုက်သည်။
KJK- စတာပါ စတာပါ။
Jong Kook လည်းလန့်ဖျတ်ပြီး မြန်မြန်တောင်းပန်လိုက်ရသည်။ မဟုတ်ရင် Jihyo ရဲ့ဒေါသမီးတောင်က ပေါက်ကွဲသွားနိုင်သည်လေ။
HDH- Hyung ကျွန်တော့်ကို အဲ့လိုကြည့်လို့၊ အဲ့ဒါ ဝဋ်ပြန်လည်တာ။
KJK- ဒီခွေးကောင်ကတော့.....
JH- အပြစ်မရှိတဲ့သူကို မည်းမနေနဲ့။
HDH- Gomawo Jihyo ah. Wuri Jihyo လေးက အတော်ဆုံးပဲ!
Dong Hoon နှင့် Jihyo ကေတာ့ လက်ဝါးချင်းတောင်ရိုက်လိုက်သေးသည်။
KJK [အော်..... ငါ့ကို ချစ်သူနဲ့ညီဝမ်းကွဲနဲ့က ပေါင်းနိုင်နေကြတာပါလား....]
Jong Kook ခေါင်းကိုသာ တွင်တွင်ခါရင်း သူ့ရှေ့ရေးကို ရင်လေးမိသည်။ Jihyo ကိုချစ်လွန်းတော့လည်း ကြောက်နေရပြီမလား။
(ငကုအတွက် မျက်ရည်နှစ်စက်)*****
KJK- ဒီနေ့ အစည်းအဝေးမရှိဘူးမလား?
JH- ဟုတ်ကဲ့။
KJK- ဘယ်မှလည်း သွားစရာမရှိဘူးပေါ့။
JH- ဟုတ်ကဲ့။
KJK- ဒါဆိုရင် ကို့ကိုချစ်တယ်မလား?
Jihyo ကသူ့ကို မျက်စောင်းလေးဝင့်ကာ ကြည့်သည်။ Jong Kook ကေတာ့ Jihyo သိသြား၍ မကျေနပ်တဲ့ပုံနှင့်။