KJK- ထကြမယ် Jihyo ah.
JH- ထပ်နေချင်သေးတာကို.....
KJK- နေ့လည်ကျမှ ထပ်နေကြမယ်လေကွာ။
JH- ဟုတ်။
နှစ်ယောက်သား ကိုယ်စီကိုယ်စီပြင်ဆင်ပြီးမှ gym သို့ဦးတည်လိုက်ရသည်။ Jihyo က ဒီနေ့မှ ချစ်စရာကောင်းအောင်ပြင်လာသည်။ Jong Kook မှာကားမောင်းရင်း သူမကို လှည့်ကြည့်ရတာအမော။
JH- ကားကိုပဲ အာရုံစိုက်မောင်းပါ။
KJK- မင်းကဘေးမှာထိုင်နေတာကို ဘယ်လိုအာရုံစိုက်နိုင်တော့မလဲ။
"မြ"
Jong Kook ပါးပေါ်သို့ Jihyo အနမ်းတစ်ချက် ကျရောက်သွားသည်။
KJK- ဒီနေ့ထူးဆန်းနေတယ်နော်။
JH- မကြိုက်ဘူးလား။ မကြိုက်ရင်မလုပ်တော့ပါဘူး။
Jihyo ခေါင်းလေးငိုက်ကျသွားသည်ကို မြင်တော့ Jong Kook က သူမပါးလေးကို ဆွဲပြီး၊ ခေါင်းလေးပြန်မတ်ပေးလိုက်သည်။
KJK- အဲ့လိုမပြောပါဘူး ကလေးမရဲ့။ မင်းကို gym တောင်မခေါ်ချင်တော့ဘူး။ ဟိုမွာ တခြားယောကျ်ားတွေကဝိုင်းကြည့်မှာစိုးလို့။
JH- မျက်လုံးပါတာ ကြည့်ဖို့ပဲလေ။
KJK- မင်းကိုကြည့်တာတော့ မကြိုက်ပါဘူး။ ယောကျ်ားတွေအကြောင်း ယောကျ်ားတွေပဲသိတယ်။
****
Gym ရောက်တာနှင့် Jihyo မွာ Jong Kook အေလးမတာကိုပဲ ထိုင်ကြည့်နေရသဖြင့် ပျင်းလာသလိုလို၊ အိပ်ပဲအိပ်ငိုက်လာသလိုလို ဖြစ်လာသည်။
JH- Jihyo သန့်စင်ခန်း သွားလိုက်ဦးမယ်နော်။
KJK- အင်း။
Restroom ထဲမွာ လက်ဆေးပြီး ပြန်ထွက်လာတော့ ကြမ်းပြင်ကချောပြီး Jihyo ပက်လက်လန်မလိုဖြစ်သွားသည်။
"အာ့...."
"အဆင်ပြေရဲ့လား?"
ရုတ်တရက် လှမ်းဆွဲလိုက်တဲ့လူကြောင့် Jihyo ချော်မလဲသော်လည်း ထိုလူရဲ့ လက်တွေပေါ်သို့ ကို်ယ်ကကျသွားသည်။ မတ်တပ်ရပ်ပြီးမှ ထိုလူ့ကို သေချာ ကြည့်လိုက်တော့
JH- ကျေးဇူးတင်ပါတယ်။
"ရပါတယ်။ ထိခိုက်မိသွားတာမရှိဘူးမလား?"