လင်းရောင်ခ ဆိုတဲ့ ကျွန်တော်က ၄ နှစ်တာဆိုတဲ့ကာလအတွင်းမှာ
ပိုင်ဆိုင်ခဲ့တဲ့အရာဆိုလို့ ဝမ်းနည်းမှုတွေ နာကျင်မှုတွေနဲ့ပြည့်နေခဲ့တဲ့
နှလုံးသားတစ်စုံပဲ ရှိပါတယ်ဗျာ မျက်လုံးတွေမှိတ်ပြီးတော့ အိပ်စက်ရမယ့် ညဘက်ကိုရောက်လာခဲ့ပြန်ပြီဗျာ အိပ်မပျော်မှာကို
ကြောက်တဲ့စိတ်နဲ့ ထုံးစံအတိုင်း အိပ်ဆေးလေး ၁ လုံးကိုသောက်ပြီး
လင်းရောင် အိပ်ပျော်ဖို့အတွက် ကြိုးစားခဲ့ရပြန်ပြီ ခဏကြာတော့
လင်းရောင် ခေါင်းတွေအရမ်းကိုက်လာပြီး အမှောင်ထုက ဖုံးလွှားကာ
အိပ်ပျော်သွားခဲ့တယ် လင်း အိမ်မက်ထဲမှာ မေ ဆိုတဲ့ ကောင်မလေးက
သူ့ အနားကနေ ထွက်သွားဖို့ ကြိုးစားနေခဲ့တယ်မေ ကလေး ကို မထားခဲ့ပါနဲ့နော် မေ မရှိတော့မယ့် ဘဝကြီးကို
ကလေး ရင်မဆိုင်ရဲလို့ပါ မေ ကလေး တောင်းပန်ပါတယ် ☹
မေ စိတ်တိုင်းကျ နေပေးမှာ မို့လို့ ကလေးရဲ့ အနားမှာပဲ
ပြန်ပြီးတော့ နေပေးပါ မေရယ် ☹ မေ ဆိုတဲ့ကောင်မလေးက
လင်းရဲ့ မျက်လုံးထဲကနေ တစ်ဖြေးဖြေးပျောက်ကွယ်သွားခဲ့တယ်
(မေ က လင်းရောင် ကို ကလေး လို့ခေါ်တာပါနော်)မေ ဆိုပြီး လင်းရောင် အလန့်တစ်ကြားနဲ့ ထအော်လိုက်ပြီး အိပ်ယာမှ
လန့်နိုးလာခဲ့တယ် အခုလို အိပ်မက်ဆိုးတွေက လင်းအတွက်
နေ့တိုင်းလိုလို ကြောက်နေခဲ့ရတဲ့အရာတေပါ
အိပ်ယာဘေးနားက နာရီကိုကြည့်လိုက်တော့
မနက် ၆ နာရီလောက်ကြီးပေါ့ဟာကွာ အစောကြီးပဲ ငါလန့်နိုးလာပြန်ပြီ
လင်းရောင် က တိုက်ခန်းတစ်ခန်းငှါးပြီး တစ်ယောက်ထဲ သီးသန့်နေခဲ့တာပါ
အိပ်မပျော်တော့တာကြောင့် ဆေးလိပ်သောက်ဖို့အတွက် အခန်းအပြင်ကို ထွက်လာခဲ့တယ် အရင်က ဆေးလိပ်ဆိုရင် အနံ့တောင် မခံနိုင်ခဲ့တဲ့ ကျွန်တော်က အခုတော့ အဲ့ဒီဆေးလိပ် အရသာကိုပဲ ပိုပြီးတော့ နှစ်သက်နေမိတယ် ဆေးလိပ်လေးကို
ရှူရှိုက်လိုက်ရင်း မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေထဲမှာ ဝမ်းနည်းမှုတွေ
အပြည့်နဲ့ပေါ့ ဝဲတတ်လာတဲ့ မျက်ရည်တွေကို ပါးပြင်ပေါ်ကို
မကျအောင်ထိန်းရင်းကနေ ကောင်းကင်ကြီးကို လေးလံစွာငေးကြည့် နေမိတယ်မေ ထားခဲ့အတိုင်းလေးပဲ ကလေးဆိုတဲ့ ဒီလူသား ရှိနေပါသေးတယ်ဗျာ မတူတော့တဲ့ အရာဆိုလို့ ဆေးလိပ်ကို ကြိုက်တတ်လာတာပါပဲ အဲ့တစ်ခုထဲကလွဲရင် ကျန်တာအားလုံး
အရင်တုန်းပဲရှိနေဆဲပါ မေ အခုအချိန်ဆို အိပ်နေတုန်းပဲလား ဒါမှမဟုတ်
အလုပ်သွားဖို့အတွက် ပြင်ဆင်နေပြီလား အိပ်ယာမထသေးလို့ တစ်ခြားသူကများ ဖုန်းဆက်နှိုးနေမလား လွမ်းလိုက်တာ မေရာ
မေ ဆိုတဲ့ နာမည်လေးကို ရွတ်လိုက်တာနဲ့ နာကျင်မှုတွေက
ဟောင်းသွားတယ်ဆိုတာ မရှိဘူး အခုအချိန်အထိ အသစ်အတိုင်း
ပါပဲလား အခုအချိန်မှာ ဘာကိုလိုချင်လဲလို့ တစ်စုံတစ်ယောက်က
မေးလာခဲ့ရင် လွန်ခဲ့တဲ့ ၄ နှစ်တန်းက ဖြေခဲ့တဲ့အတိုင်း ကျွန်တော်
အရမ်းတန်ဖိုးထားရတဲ့ မေဝတ်မှုန်သွေးဆိုတဲ့ လူကိုပဲ လိုချင်တယ်လို့
အကြိမ်ကြိမ်ဖြေမှာပါ
(ဒီဇာတ်လမ်းထဲမှာ လင်းရောင်ခ က Tomboy လေးပါခင်ဗျ)ဇာတ်လမ်းကအစမို့လို့ ဖတ်ရတာအဆင်မပြေခဲ့ရင်တောင်းပန်ပါတယ်
နောက်အပိုင်းတွေရောက်မှ ဇာတ်လမ်းအကြောင်းကို နားလည်မှာမို့လို့
မကြိုက်ပေမယ့်လည်း သည်းခံပြီးတော့ ဖတ်ပေးကြပါဗျာ 🙏#LinThit
YOU ARE READING
❣May❣ (Complete)
RomanceAuthor အသစ်လေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီးတော့ တောင်းပန်ပါရစေ