Part(6)

44 3 0
                                    

သွန်းရေ ကိုလင်းတို့ ၁၂ နာရီအရောက် အဆောင်ကိုပြန်လာတယ်နော်
ခေါင်းကိုက်နေတာသက်သာသွားပြီလား?

ဟုတ် သွန်းသက်သာသွားပါပြီ အိပ်ရေးမဝလို့ထင်လို့ အိပ်ပျော်ပြီးနိုးလာတော့ သက်သာသွားပြီ
(တစ်ကယ်တော့ ကိုလင်းက သွန်းရှေ့မှာ တစ်ခြားသူကို သွန်းထပ်ပိုပြီး
အလေးထားနေတာတွေကို သွန်းရင်မဆိုင်ရဲခဲ့တာပါ)

သွန်းက အမြဲတမ်း မနက်ဆို အစောကြီးအိပ်ယာထတာကို
ဘယ်လိုလုပ်ပြီးအိပ်ရေးဝတော့မှာလဲ ကိုလင်းတို့ကကျောင်းတွင်းဆောင်
မှာနေတာပါကွာ ၇ နာရီခွဲလောက်မှအိပ်ယာထလည်း မှီပါတယ်
နောက်နေ့ကစပြီးအစောကြီးမထနဲ့ အိပ်ရေးဝအောင်အိပ်

(ကာလနဂါးလေးဆိုတော့ သူအိပ်တိုင်းသူများကိုပါ လိုက်အိပ်ခိုင်းနေတာ😂)

ဟုတ်ကဲ့ ကိုလင်းပြောစကားကိုနားထောင်ပါ့မယ်

ငါ့ညီမလေးက လိမ္မာလိုက်တာ နှစ်ခါမပြောရဘူး တစ်ခါထဲနဲ့ နားထောင်တယ်😍

(ညီမလေးတဲ့လား ညီမလေးတစ်ယောက်ထပ်မပိုနိုင်တော့ဘူး ကိုလင်းရယ် သွန်းဘက်က ကိုလင်း ကိုပိုင်ဆိုင်ထားတဲ့လူမဟုတ်တော့
ဆုံးရှုံးရမှာ ကြောက်တယ်ဆိုတဲ့စကားကို ပြောပိုင်ခွင့်မရှိပါဘူး😞
ကိုလင်း ကိုတစ်ဖတ်သတ်ချစ်နေရတာ နာကျင်နေမှန်းသိတယ်
ဒါပေမယ့် ကိုလင်း ကိုမချစ်ချင်တော့ဘူးဆိုတဲ့ အတွေးမျိုးကို သွန်း
တစ်ခါမှမတွေးခဲ့ဖူးဘူး)

လင်းရောင် သစ္စာ လည်းသက်သာသွားပြီဆိုတော့ ငါတို့နေ့လည်စာ
သွားစားကြမယ်လေ နေ့လည်စာကို မင်းဝယ်ကျွေးရမှာနော် ကိုကပ်စေးနဲကြီးက ဝယ်ကျွေးမှာဆိုတော့
ဟင်းကောင်းကောင်းမှာပြီးတော့ကိုစားပစ်မယ်😋

သော်ဇင်ပြောတာကိုငါလည်းထောက်ခံတယ် လင်းရောင် နင်ငါတို့ကို
နေ့လည်စာဝယ်ကျွေးရမယ်

အေးပါဟာ ငါဝယ်ကျွေးပါ့မယ် ဒါပေမယ့် လူလိုတော့စားကျနော်
ညစာအလွတ်ဆိုပြီးတော့ မစားကျနဲ့ နင်တို့ ဗိုက်ကလေးတွေကို
ညစာ စားဖို့အတွက်တော့ချန်ထားအုံး ဗိုက်တွေလည်းဆာနေပြီ
သွားကြမယ် 🚶

❣May❣ (Complete)Where stories live. Discover now