2 လပိုင်း 4 ရက်နေ့ ⌚8:00 AM📲 Hello မမ
ကလေး မမတို့အဆောင်ရှေ့ကိုရောက်နေပြီဟုတ်လား အဲ့ဒါဆို မမ အခုလာခဲ့မယ်နော်
ဟုတ်
မေလည်း အဆောင်ထဲကနေ မြန်မြန်ထွက်လာခဲ့သည် သူ လင်းရောင်ကို အရမ်းတွေ့ချင်နေပြီလေ
ကလေး
မမ ရယ် ခလေးလည်းမဟုတ်ဘဲနဲ့ ဖြေးဖြေးလာပါ ချော်လဲနေအုံးမယ်
ကလေး ဘယ်မှထွက်မပြေးပါဘူးဟီးဟီး ကလေးစောင့်နေရတာကို အားနာလို့လေ
ထားပါတော့ မမ မနက်စာ မစားရသေးဘူးမလား
အင်း မစားရသေးဘူး
အဲ့ဒါဆိုရင် မနက်စာ အရင်သွားစားကြမယ်
အင်း
ကလေး ကရန်ကုန်ကို အခုမှရောက်ဖူးတာဆိုတော့
ဘယ်မှာဘာရှိတယ်ဆိုတာ သိပ်မသိသေးလို့ ကလေး သိတဲ့ဆိုင်ကိုပဲ
ခေါ်လာခဲ့လိုက်တာ မမ အတွက် အဆင်ပြေရဲ့လားရပါတယ် ကလေးရဲ့ ဒီဆိုင်လေးလည်း မဆိုးပါဘူး အဆင်ပြေတယ်
ဒီဆိုင်မှာက သီချင်းလည်းဆိုလို့ရတယ်လေ မမ ခဏလေးစောင့်နေနော်
ကလေး မနက်စာ သွားမှာလိုက်အုံးမယ်ဟင် မမတို့ ထိုင်နေတဲ့ ဝိုင်းကိုလှမ်းခေါ်ပြီး မှာလိုက်လို့မရဘူးလား
မမ တစ်ယောက်ထဲဖြစ်နေမှာပေါ့
ကောင်လေးတွေ မမကို လိုက်ကြည့်ရင် ဘယ်လိုလုပ်မလဲဒီနေ့ ဒီဆိုင်ကို ဘယ်သူမှ မလာဘူး ကလေးရယ် ဒီနေ့အတွက်
ဒီဆိုင်ကို ငှါးထားတာ အဲ့တော့ မမ စိတ်ချလက်ချသာနေတော့ဘယ်လို
ဟဲဟဲ မမ ခဏလေးစောင့်နော်
ဟုတ်ပါပြီရှင် မြန်မြန်တော့ပြန်လာခဲ့နော်
အင်းပါ
ခဏကြာတော့ လင်းရောင်က သီချင်းဆိုတဲ့ စင်မြင့်ပေါ်ကိုတတ်သွားသည် လင်းရောင် မိုက်ကို ဘယ်လက်နဲ့
ကိုင်ပြီး မေ့ကိုစကားလှမ်းပြောလိုက်သည်မမ ကလေးကိုပဲ ကြည့်နေနော်
အင်း (မေ ခေါင်းညိတ်ပြလိုက်သည်)
YOU ARE READING
❣May❣ (Complete)
RomanceAuthor အသစ်လေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီးတော့ တောင်းပန်ပါရစေ