Part(14)

30 1 0
                                    


ဝတ်မှုန် လည်း စိုင်းထက်နောင်ရှေ့ကနေ ထွက်လာခဲ့လိုက်တော့သည်

(လူမဆန်တဲ့လုပ်ရက်ကိုလုပ်ထားပြီးတော့ သူ့ပါးစပ်ကနေ ဝတ်မှုန်ကို
ချစ်လို့လုပ်မိတာပါဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ ခွင့်လွှတ်ပေးနိုင်မယ်
ထင်နေတာလား ပိုပြီးတော့တောင် မုန်းသွားသေးတယ်  သူ့ဘက်က
လင်းရောင်ကို ပြသနာ မရှာဘဲနဲ့ ဝတ်မှုန်ကို ဖွင့်ပြောခဲ့တယ်ဆိုရင်
အချိန်ယူပြီးစဉ်းစားပေးမိမှာ အခုလောက်ထိ မုန်းမိမှာမဟုတ်ဘူး
အခုတော့ သူ့လုပ်ရပ်တွေက အရမ်းအတ္တကြီးလွန်းတယ်
သူ့အတ္တတွေကြောင့် အပြစ်မရှိတဲ့ လင်းရောင်က အခုတော့ ဒဏ်ရာတွေနဲ့ ဆေးရုံတတ်ရတဲ့အထိဖြစ်သွားခဲ့ပြီ ကံကောင်းလွန်းလို့
အသက်ရှင်ခွင့်ရခဲ့တာ တစ်သက်လုံးစာ နင့်ကိုငါမုန်းတယ် စိုင်းထက်နောင်)

ဒီက စခန်းမှူးကြီးနဲ့ ကျွန်မ စကားခဏလောက်ပြောချင်လို့ပါ

ဟုတ်ကဲ့ ထိုင်ပါခင်ဗျ

အခု အချုပ်ခန်းထဲကိုရောက်နေတဲ့ စိုင်းထက်နောင်ကို အမှုဖွင့်ချင်လို့ပါ

သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပြောပြပေးနိုင်မလား

ဟုတ် ပြောပြနိုင်ပါတယ် သူနဲ့ ကလေးတစ်ယောက်နဲ့ ရန်ဖြစ်ကြပါတယ်
ရိုးရိုးတန်းတန်းရန်ဖြစ်တာမျိုး မဟုတ်ဘဲနဲ့ တုတ်တွေနဲ့ရိုက် ဓားနဲ့ထိုးတဲ့အဆင့်ထိကိုရောက်ခဲ့တာပါ ကျွန်မက ဓားထိုးခံလိုက်ရတဲ့
သူရဲ့ အုပ်ထိန်းသူပါ ဓားထိုးခံလိုက်ရတဲ့ ကလေး ကတော့
အခုဆေးရုံထင်ထားရပါတယ် ညာဘက်လက်တစ်ဖက်လည်း
ကျိုးသွားတယ် အခုထိလည်း သတိမရသေးဘူး  ကျွန်မတို့ဘက်က နစ်နာခဲ့ရတာတွေအရမ်းများနေပါပြီ အဲ့အတွက်ကြောင့် သူ့ကို
ထောင်ချချင်ပါတယ်

ဒီက ညီမပြောပုံအရဆိုရင် စိုင်းထက်နောင်ဆိုတဲ့ လူက လက်နက်ကိုင်ဆောင်ပြီး လူသတ်ဖို့အထိ ကျူးလွန်းခဲ့တာဆိုတော့
ဒီက ညီမတွေကျေနပ်အောင် တရားဥပဒေတိုင်း ဆောင်ရွက်ပေးသွားမှာပါ နောက်တစ်ပတ် ၁၀နာရီလောက် တရားရုံးကို  လာတွေ့ပေးပါ

ဟုတ် စိတ်ချပါ ကျွန်မတို့ လာခဲ့ပါ့မယ် အဲ့ဒါဆိုရင် ကျွန်မတို့ကို
ပြန်ခွင့်ပြုပါအုံး

❣May❣ (Complete)Where stories live. Discover now