Part(18)

31 2 0
                                    


Happy Birthday Par လင်းရောင် ငါတို့နဲ့အတူတူ  အချိန်တွေအကြာကြီးရှိနေပေးပါ ငါတို့နင့်ကိုအရမ်းချစ်တယ်ဆိုတာ
နင်သိမှာပါ Love you 🙆‍♂️

ငါလည်း နင်တို့ ကို ချစ်ပါတယ်ဟာ နင်တို့ခဏ နှာခေါင်းပိတ်ထားနော်

လင်းရောင် လေလည်လိုက်သည် 😁

ဟာ လင်းရောင် ဂုဏ်ယူပါတယ် ငါ့သူငယ်ချင်းလေး ဘာစားချင်လဲပြော
စားချင်တာစားလို့ရသွားပြီ

နင်တို့ကလည်းဟာ ငါ့ကိုရှက်အောင်လုပ်နေပြန်ပြီ

အခုတော့ နင်တို့အရင်မျက်နှာသစ်လိုက်အုံး ငါတော့နင်တို့ပြီးမှ မျက်နှာသစ်တော့မယ်

(Author လည်းဆေးရုံမတတ်ဘူးတော့ မျက်နှာသစ်တဲ့နေရာကိုတော့
reader လေးတွေဘက်ကပဲ ဖြည့်တွေးပေးကြပါ)

မမရယ် အိပ်နေတဲ့ပုံစံလေးကအစ ချစ်ဖို့ကောင်းလိုက်တာ
အပြစ်ကင်းစင်လွန်းတယ် ဟင် ပါးဖောင်းဖောင်းလေးတွေက နည်းနည်းလေးပိန်သွားသလိုပဲ ဒီရက်ပိုင်းတွေမှာ အိပ်ရေးဝအောင်
မအိပ်ဘူးလားကွာ တစ်ကယ်ပဲ လူကြီးတစ်ယောက်ဖြစ်နေပြီးတော့
ကျန်းမာရေးကို ထိခိုက်အောင်လုပ်နေတယ် ဟွန့်
အယ့်လိုနဲ့ မေ နှုတ်ခမ်းတွေဆီကို အကြည့်ကရောက်သွားတော့
မမရဲ့ နှုတ်ခမ်းလေးတွေကလှလိုက်တာ အိပ်နေတဲ့အချိန်မှာတောင်
ပန်းရောင်သန်းနေတယ် အယ့်နှုတ်ခမ်းလေးကိုသာ နမ်းရှိုက်ခွင့်
ရမယ်ဆိုရင် ဘယ်လောက်တောင်ချိုလိုက်မလဲ မြတ်စွာဘုရားရှင်က
ဟောကြားခဲ့ဖူးတယ် လူသားတွေက အပုပ်ကောင်အရုပ်ဆောင်
ဆိုတဲ့အရာက ငါ့အတွက်တော့ အိပ်နေတဲ့လူတစ်ယောက်ရဲ့ အလှက ငါ့အပေါ်မှာ လွှမ်းမိုးထားလွန်းတယ် ဟူး ငါတော့ကြာရင် ရှုးတော့မှာပဲ

လင်းရောင်ရေ ငါတို့မျက်နှာသစ်လို့ပြီးပြီ

ရှူးတိုးတိုးပြောပါဟ ငါ့မမ အိပ်နေတာနိုးသွားအုံးမယ်

အော် ဟုတ်ကဲ့ 😏

အဲ့ဒါဆို ငါမျက်နှာသွားသစ်လိုက်အုံးမယ် စကားကိုတိုးတိုးပြောကြနော်
မမ နိုးသွားမယ် စိတ်ချမယ်နော်

၁၅ မိနစ်လောက်ကြာတော့ လင်းရောင် မျက်နှာသစ်လြို့ပီးသွားခဲ့သည်

❣May❣ (Complete)Where stories live. Discover now