ကောင်းကင်ကိုလေးလံစွာငေးကြည့်နေရင်း
ကနေ အသိစိတ်ပြန်ကပ်လာတော့ မနက်ခင်းရဲ့ အလှတစ်ရားဖြစ်တဲ့
နေလုံးကြီးက ထွက်ပေါ်နေခဲ့ပြီလေ နေတောင်ထွက်နေပြီလား
ငါ မျက်နှာသစ်အုံးမှပဲ မျက်နှာသစ်ပြီးတော့ တစ်ယောက်ထဲနေတဲ့လူ
ဖြစ်တဲ့အတွက်ကြောင့် မနက်စာ စားဖို့ကိုလည်း ကိုယ်တိုင်ချက်ပြုတ်
ပြင်ဆင်ရပါတယ် ဒီနေ့ ထမင်းကြော်ပူပူလေးကို ကြက်ဥကြော်လေးနဲ့
သကြားလုံးဝမပါတဲ့ ကော်ဖီခါးခါးလေးကိုသောက်ရင်းနဲ့စားမယ်😋(လင်း က ပေါင်မုန့်မကြိုက်တော့ ကော်ဖီကို ထမင်းစားရင်းနဲ့ပဲသောက်လိုက်တာပါနော် မနက်စာက အရမ်းတွေလိုက်ဖက်သွားလား ☺)
အရင်က ကော်ဖီဆိုသကြားများများနဲ့ သောက်တတ်တဲ့ လင်း က
အခုတော့ သကြားလုံးဝမပါတဲ့ ကော်ဖီခါးခါးအရသာကို ပိုပြီးတော့
ကြိုက်နေပြန်တယ် ဒါတွေကလည်း နာကျင်မှုတွေကြောင့် ကြိုက်ခဲ့တဲ့
အရာတွေပဲဖြစ်မှာပါ မနက်စာ စားပြီးတော့ ဧည့်ခန်းထဲမှာ Tv ကို
ဖွင့်ထားရင်း ထိုင်နေပြန်တယ် တစ်ယောက်ထဲဖြစ်နေတယ်လို့ မခံစားရအောင် Tv ကိုမကြည့်ပေမယ့်လည်း ဖွင့်ထားတတ်လာတယ်
ဒီနေ့ ရုံးပိတ်ရက်လည်းဖြစ်တော့ လင်း ရဲ့ အချစ်ဆုံး သူငယ်ချင်း
၃ ယောက် လင်း ရဲ့တိုက်ခန်းကိုအလည်မယ်လို့ပြောတယ် သူတို့က အယ့်လိုပဲ ရုံးပိတ်ရက်တွေဆိုရင် လင်း ရဲ့တိုက်ခန်းကို လာနေပေးတတ်တယ် သူတို့အကြောင်းတွေးနေရင်းကနေ
ှိုတိုက်ခန်းရှေ့ကနေ တံခါးခေါက်သံကြားတော့ ၃ ယောက် စလုံး ရောက်နေကြပြီ ဆိုတာကို သိလိုက်တယ်လေ ခဏလေး ခဏလေး
ငါလာပြီလို့ပြောပြီး တံခါးကိုဖွင့်ပေးလိုက်တော့ ၃ ယောက်သားက
လင်း ရဲ့ပုံစံကိုစိတ်မကောင်းစွာ ကြည့်ရင်း ဧည့်ခန်းနားရောက်တော့
ထိုင်နေကြပြန်တယ် လင်း ရဲ့တိုက်ခန်းလေးထဲမှာ
သူငယ်ချင်း ၄ ယောက် ဆုံတော့ သော်ဇင်မင်း ဆိုတဲ့ လင်းရဲ့ သူငယ်ချင်းက လင်း ကို စကားအရင်စပြောလိုက်တယ်
(သော်ဇင်မင်း ကလည်း Tomboy လေးပါပဲခင်ဗျ)ဟျောင့် လင်းရောင် မင်းကိုငါတို့ပြောရတာလည်း မောလှပြီ မင်းဒီလိုပုံစံနဲ့ ဘယ်အချိန်အထိဆက်နေသွားအုံးမှာလဲ ၄ နှစ်တောင်
ကြာနေပြီလေကွာ မင်းပုံစံတွေ မပြင်သေးဘူးလား မင်းပုံစံကိုမြင်ရတာ
မင်း သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ငါတို့တွေ
စိတ်မချမ်းသာဘူးကွ
အရင်တုန်းက အဝတ်အစားဆိုရင် ဖရိုဖရဲဖြစ်နေမှာဆိုးလို့ဆိုပြီး အိမ်နေရင်း အဝတ်တွေကိုတောင် မီးပူတိုက်ပြီးမှဝတ်တတ်တဲ့မင်းက
အခုတော့ကြည့်ပါအုံး အဝတ်အစားတွေက တွန့်ကြေနေတာပဲ အရင်က အသန့်ကြိုက်လွန်းလို့ ရေကို ဆောင်းတွင်းတောင် မရှောင်ဘူး တစ်နေ့ ၂ ခါလောက် ရေချိုးလို့ အအေးပတ်ပြီး ဖျားတတ်တဲ့မင်းလိုလူက အခုတော့ ရေချိုးဖို့ကိုတောင် ငါတို့မှာ မနည်းပြောနေရတယ် အရင်က ဆံပင်ဆိုရင် ၂ လ တစ်ခါလောက် ဆံပင်ညှပ်ပြီးသန့်သန့်ရှင်းရှင်းလေးပဲနေတတ်တဲ့မင်းက အခုတော့ကွာဆံပင်တွေလည်းမညှပ် ခေါင်းလည်းမဖြီး စုတ်ဖွားနဲ့
အသန့်ကြိုက်တဲ့ ငါတို့ သူငယ်ချင်း လင်းရောင်ခ မှ
ဟုတ်သေးရဲ့လားကွာ ဘွဲ့ရပြီးထဲက အခုအချိန်အထိ မင်းဘာအလုပ်မှလည်း မလုပ်သေးဘူး နယ်မှာရှိတဲ့
မင်းမိဘတွေဆီကိုလည်း အခုထိမပြန်ရသေးဘူး မင်းကို လူကြီးတွေ
ဘယ်လောက်စိတ်ပူနေမလဲဆိုတာ မင်းသိရဲ့လား မင်းရဲ့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ
မင်းရဲ့ အနာဂတ်တွေဘယ်ရောက်သွားပြီလဲကွာ အမြင်မှန်ရပါတော့
သားရီးရာ ဒီပုံစံအတိုင်းမနေပါနဲ့တော့ ငါတို့က မင်းကိုချစ်လွန်းလို့
ပြောတာပါကွာသော်ဇင် ငါ့ကို မင်းပြောလို့ဝပြီလား မင်းပြောလို့ဝရင် ငါပြောပါရစေ
ငါအရင်လို ပုံစံမျိုးတွေမနေတော့ဘူးဆိုတာက ငါအယ့်လိုပုံစံပြန်နေတော့ရော မေ ကငါ့ဆီကိုပြန်လာမှာတဲ့လား
ငါအောင်မြင်တဲ့အဆိုတော်ဖြစ်ချင်တယ်ဆိုတာ မှန်တယ် ဒါပေမယ့်
ငါ့ အနားမှာ မေ မရှိရင်ဘယ်အောင်မြင်မှုကိုမှငါမလိုချင်တော့ဘူး
မေ ဆိုတဲ့ကောင်မလေးကြောင့် ငါ့ဘဝက အခုလိုပုံစံမျိုးတွေ
ဖြစ်နေရတာကို ငါကျေနပ်ပါတယ်ကွာလင်း ကို တစ်ဖက်သတ်ကြိုက်နေတဲ့ လင်း ထက်၆လလောက်ငယ်တဲ့
လင်း ရဲ့သူငယ်ချင်း သွန်းသစ္စာဆိုတဲ့ ကောင်မလေးက သော်ဇင်ရယ်
ကိုလင်း ကို မပြောပါနဲ့တော့ ကိုလင်း နေချင်သလိုနေပါစေ
အေး ငါက လင်းရောင်ကိုအမြင်မှန်ရအောင်ပြောနေပြီဆို သစ္စာ နင်က
လင်းရောင် ဘက်ကနေလိုက်ပြောနေတယ် နင်အယ့်လိုတွေ သူ့ဘက်က
လိုက်ပြောပေးနေလို့ ဒီကောင် စိတ်အလိုလိုက်ပြီး ထင်ရာစိုင်းနေတာနန်းသော်တာ ဝင်ပြောမှ ဖြစ်တော့မယ် ကဲ သော်ဇင်ရယ် လင်းရောင်ကိုရော သစ္စာကိုရော မပြောပါနဲ့တော့ ငါတို့ဒီနေ့ ရုံးပိတ်တုန်းလေး လင်းရောင်နဲ့ အတူ လျှောက်လည်ကြမယ်လေ
လင်းရောင် ဒီနေ့တော့နင်မငြင်းရဘူးနော် ငါတို့အတူတူ လျှောက်မလည်
ရတာကြာနေပြီဟ သွားကြမယ်ထ သူငယ်ချင်း ၄ ယောက် အတူတူ
လျှောက်လည်ကြပြီး ဗိုက်ဆာလာကြတော့ ထမင်းဆိုင်ကို
ရောက်သွားခဲ့ကြတယ် ကိုယ်စားချင်တဲ့ဟင်းတွေကိုမှာပြီး
စောင့်နေတုန်းမှာ လင်းရောင် နှလုံးသားက တောင်းတနေခဲ့ရတဲ့
အသံလေးကိုကြားလိုက်ရတယ် အယ့်အသံပိုင်ရှင်ကတော့ လင်းရောင်ရဲ့ဘဝမှာအမြတ်နိုးဆုံးနဲ့ တန်ဖိုးအထားရဆုံးဖြစ်တဲ့
မေဝတ်မှုန်သွေးဆိုတဲ့ကောင်မလေးပါပဲ လင်းရောင်တို့ ဘေးစားပွဲမှခေါ်လိုက်တာပါကလေးမလား ကလေးဟုတ်တယ်မလား
ဆိုပြီး လင်းရောင်ဆီကိုလျှောက်လာခဲ့တယ်
မေ ရဲ့ဘေးနားမှာလည်း အသက် ၂နှစ် ၃ နှစ် အရွယ်ကလေးမလေး
ကလည်း မေရဲ့လက်ကိုကိုင်ပြီးပါလာသေးတယ် အန်တီမေမေ ပြောပြောနေတဲ့ ကလေးလေးဆိုတာ ဒီဦးဦးလားဟင်ဆိုပြီး လင်းရောင်ကို လက်ညိုးထိုးကာ ကလေးမလေးက မေကိုလှမ်းပြီးမေးလိုက်တယ် 🙄လင်းရောင်နဲ့ မေကို တွေ့ပေးလိုက်ပါပြီနော် 🤗
နောက်ကြောင်းပြန်တော့မှာပါ မကောင်းပေမယ့်လည်း သည်းခံပြီး
ဖတ်ပေးကြပါအုံးနော် ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ 🙏❤#LinThit
YOU ARE READING
❣May❣ (Complete)
RomanceAuthor အသစ်လေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီးတော့ တောင်းပန်ပါရစေ