Part(32)

45 2 0
                                    


မေဝတ်မှုန်သွေး ဖေဖေ ခွင့်မပြုနိုင်ဘူး

ဖေဖေ ခွင့်မပြုလဲ သမီးကတော့ လင်းရောင် နောက်ကိုလိုက်သွားရလိမ့်မယ် သမီးဘဝမှာ သူမရှိလို့မဖြစ်ဘူး
အဲ့ဒီလိုပဲ သူ့ဘဝမှာလဲ သမီး မရှိလို့မဖြစ်ဘူး လင်းရောင် အခုအချိန်အထိ ကိုယ်ပိုင်အလုပ်အကိုင် မရှိသေးဘူးဆိုတာက
အလုပ် လုပ်ချင်တဲ့စိတ်မရှိလို့မဟုတ်ပါဘူး သူ့ဘဝက သမီးကြောင့်
ပြိုလဲခဲ့ရလို့ပါ သမီးရဲ့မှားယွင်းတဲ့အတွေးတွေကြောင့် သမီး သူ့ကို စွန့်ပစ်ခဲ့မိတယ် သမီးကို လွမ်းတဲ့စိတ်တွေကြောင့်ပဲ သူဘာအလုပ်မှ မလုပ်နိုင်ဘဲဖြစ်နေရတာပါ သမီးကို ချစ်တဲ့လူတွေကိုလဲ ဖေဖေ တွေ့ခဲ့ဖူးမှာပါ သမီးကို ပိုင်ဆိုင်ခွင့်မရလို့ဆိုပြီးတော့ ပြိုလဲသွားတဲ့လူတွေကိုတော့ ဖေဖေ မတွေ့ခဲ့ဖူးဘူးမလား
သူတို့က သမီးကိုအချစ်စစ်နဲ့ ချစ်တာမှမဟုတ်တာ အဲ့အတွက်ကြောင့်
ပြိုလဲမှုဆိုတာလဲ သူတို့မှာမရှိဘူးလေ လင်းရောင်ကတော့ သမီးကို
အချစ်စစ်နဲ့ ချစ်တဲ့အတွက်ကြောင့် သူ့ဘဝက ပြိုလဲသွားခဲ့ရတယ်
အဲ့လိုလူမျိုးကို သမီးဒုတိယအကြိမ်ထပ်ပြီးတော့ စွန့်ပစ်မထားနိုင်တော့ဘူး ပြိုလဲနေတဲ့ သူ့ဘဝထဲကို သမီးပြန်ပြီး​တော့ သွားခဲ့လို့ သူ့ဘဝက အခုမှ တည်ငြိမ်ခါစပဲ ရှိပါ​သေးတယ် ဖေဖေ သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ သမီးကတော့ လင်းရောင် နောက်ကိုလိုက်သွားဖို့ ဆုံးဖြတ်ထားတယ်

ဘယ်လို လင်းရောင်ရဲ့ ဘဝက သမီးကြောင့်ပြိုလဲခဲ့ရတာဟုတ်လား

ဟုတ်ပါတယ် သမီးကြောင့်ပါ

သမီးလေး လင်းရောင်နောက်ကို လိုက်သွားပါတော့ သမီးတို့နှစ်ယောက်ကို ဖေဖေ သဘောတူပေးလိုက်ပါပြီ ဖေဖေရဲ့ သမီးလေးကို လင်းရောင်ရဲ့လက်ထဲသို့ ဖေဖေ ယုံယုံကြည်ကြည်နဲ့ ထည့်ပေးလိုက်ပြီ သမီးရဲ့ဘဝအတွက် ဖေဖေ စိတ်ချသွားပါပြီကွာ
လင်းရောင်ကို ထပ်ပြီးတော့ မပျက်စီးရအောင် သမီးလေး သေချာပြုပြင်ပေးရမယ်နော်

ဟုတ်ကဲ့ပါ ဖေဖေ စိတ်ချပါ သမီးသေချာပြုပြင်ပေးမှာပါ
သမီးတို့နှစ်ယောက်ကို သဘောတူပေးတဲ့ အတွက်လဲ ဖေဖေ့ကိုအရမ်းချစ်ပါတယ် ဖေဖေနဲ့မေမေကို သမီးကန်တော့ခဲ့ပါတယ်
ကျန်းမာရေးဂရုစိုက်နော် သမီးလဲ ဖေဖေနဲ့မေမေဆီကို လာလည်ပါ့မယ်

❣May❣ (Complete)Where stories live. Discover now