ဝတ်မှုန် ဒီမှာ နင်စားချင်နေတဲ့ လက်ဖက်သုပ်
ဝသာန်နဲ့ ချယ်ရီနဲ့ သုပ်ပေးတယ်နော် အိပ်ခါနီးနေပြီကို ပြောမရလို့သာသုပ်ပေးရတာ ဗိုက်အောင့်နေမယ် ပြီးတော့ အိပ်မပျော်ဘဲဖြစ်နေအုံးမယ်ဟုတ်ပါပြီ အဲ့ဒါကြောင့် ကိုယ့်အသဲတွေကို ချစ်နေရတာ😘 အများကြီးမစားပါဘူး နည်းနည်းပဲစားမှာ
ဝတ်မှုန် အခုဆိုရင်နောက်ဆုံးနှစ်ပဲရောက်နေပြီ အခုထိဟင်းမချက်တတ်သေးဘူးနော် ဟင်းချက်လေးဘာလေး
သင်အုံးလေဟာ ချယ်ရီကလည်း ဟင်းချက်ရတာကို ဝတ်မှုန် မှဝါသနာမပါတာ
ပြီးတော့ အိမ်မှုကိစ္စတွေလည်းမလုပ်ချင်ဘူး (မိန်းမပီသနေမှုကြီး🙄)ဝါသနာမပါလည်း မိန်းကလေးဆိုတာ အိမ်မှုကိစ္စတော့လုပ်ရမှာပဲလေ
ဘာလဲ ဝတ်မှုန်က အိမ်ထောင်မပြုဘဲ အပျိုကြီးဘဝနဲ့ နေမလို့လားအမလေး သူများကိုပြောရက်လိုက်ကြတာ ဝတ်မှုန်ကလေ ထမင်းဟင်းချက်တတ်တဲ့လူမျိုးကိုပဲရှာပြီးတော့လက်ထပ်မှာ ☺(အယ့်လိုပဲ ရည်မှန်းချက်ကြီးတယ်)
ဝတ်မှုန်နဲ့ ဝသာန် သေချာနားထောင်ကြည့် သီချင်းသံကြားရလား
ငါတို့ကျောင်းတတ်လာတာ အခုဆို နောက်ဆုံးနှစ်ရောက်နေပြီ
တစ်ခါမှအဆောင်ရှေ့ကိုသီချင်းလာဆိုတဲ့အသံကိုမကြားဖူးသေးဘူး
(ဟာ စွံတဲ့အကြောင်းတွေကိုမကြွားနဲ့လေကွာ😫)
ငါ ပြတင်းပေါက်ကနေ သွားကြည့်လိုက်အုံးမယ် တစ်ခါမှမမြင်ဘူးလို့
အယ် ဝတ်မှုန်ရေ သီချင်းလာဆိုတဲ့လူကနေ ငါတို့မနက်ကမှသိတဲ့
ကလေးရုပ်နဲ့ ဟိုTomလေးတို့အဖွဲ့ ပဲ သူဆိုတဲ့သီချင်းနာမည်ကလည်း
ဝတ်မှုန်ဆိုတော့ သေချာနေပါပြီ အဲ့ကလေး ငါတို့သူငယ်ချင်းကို
သဘောကျနေတာဖြစ်ရမယ် အသံကတော့မဆိုးဘူးဟ နားထောင်လို့တော်တော်ကောင်းတယ် သူသာမပျက်စီးသွားဘဲနဲ့
သေချာကြိုးစားမယ်ဆိုရင် အောင်မြင်နိုင်တယ်ချယ်ရီရယ် ဖြေးဖြေးပြောပါ မောနေပါအုံးမယ် ဝတ်မှုန်က ဘာမှမဖြစ်ဘူး
နင်တစ်ယောက်ထဲပဲ တော်တော်ဖြစ် ကိုယ့်အဆောင်ရှေ့ကို
သီချင်းလာဆိုတာလေ သိက္ခာရှိရှိလေးလည်းနေအုံး 😒
YOU ARE READING
❣May❣ (Complete)
RomanceAuthor အသစ်လေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီးတော့ တောင်းပန်ပါရစေ