၂ နှစ်ကြာပြီးနောက်အခုဆိုရင် May က ရုပ်ရှင်ကုမ္မဏီမှာ ရှယ်ယာအများဆုံးနဲ့ သူဌေးဖြစ်လာခဲ့သည် ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ
လင်းရောင်ဆီကိုတော့ တစ်လတစ်ကြိမ် အမြဲတမ်းသွားတွေ့ဖြစ်သည်
May တို့နှစ်ယောက်ချစ်လာခဲ့ကြတာ ဒီနေ့ဆိုရင် ၁နှစ်နဲ့ ၁၁ ရှိသွားခဲ့ပြီ နောက်လဆိုရင် ချစ်သူသက်တမ်း ၂ နှစ်ပြည့်တဲ့
အထိမ်းအမှတ်နဲ့ နှစ်ဖက်မိဘတွေကိုဖွင့်ပြောပြီးတော့ စေ့စပ်ပွဲလေးနဲ့အတူ မေ့ကို တောင်းရမ်းလက်ထပ်ယူဖို့အတွက် စီစဉ်ထားကြသည် မင်္ဂလာပွဲကိုတော့ လင်းရောင် ဘွဲ့ရတဲ့အချိန်ရောက်မှပဲ ကျင်းပဖို့အတွက် နှစ်ယောက်အတူတူ
တိုင်ပင်ထားကြသည် ဘာပြသနာမှ မရှိဘဲနဲ့ အေးချမ်းနေတဲ့ သူတို့နှစ်ယောက်ဆီကို ဝေးကွာဖို့အတွက် ကံကြမ္မာက ဖန်တီးပေးခဲ့သည်စိုင်းထက်နောင် ထောင်ကလွတ်လာခဲ့သည်
May ကလဲ လင်းရောင်နဲ့ ချိန်းတွေ့ဖို့အတွက် ရန်ကုန်ကို ရောက်နေပြီဖြစ်သည် ချိန်းထားတဲ့နေရာကို မရောက်ခင် မေ့ရဲ့ ကားက
ပျက်သွားလို့ Taxi ငှါးနေခဲ့သည် အဲ့အချိန်မှာ စိုင်းထက်နောင် ရောက်လာခဲ့သည်ဝတ်မှုန် နင် ဝတ်မှုန် မလား
အင်း ဟုတ်တယ် ဘာကိစ္စရှိလို့လဲ
ငါက စိုင်းထက်နောင်လေ နင်မှတ်မိသေးလား
အင်း မှတ်မိတယ် နင်ပြောချင်တာ ဒါပဲမလား ငါနောက်ကျနေလို့ သွားတော့မယ်
နင်က ဘယ်ကိုသွားမလို့လဲ ငါလိုက်ပို့ပေးမယ်လေ
မလိုပါဘူး ကိုယ့်လမ်းကိုသွားပါ ငါ့ကိုဂရုမစိုက်နဲ့
နင် လင်းရောင်ခ ဆီကို သွားမလို့မလား
အင်းဟုတ်တယ် သူက ငါ့ရဲ့ချစ်သူလေ ငါတို့နှစ်ယောက်က မကြာခင်
လက်ထပ်ကြတော့မှာ နင် ငါနဲ့လာပြီး မပတ်သတ်ပါနဲ့တော့ငါ လင်းရောင်ခ ကို တောင်းပန်ချင်လို့ ပြီးတော့ နင့်ကိုရောပဲ တောင်းပန်ချင်တယ် ငါ လုပ်ခဲ့တဲ့လုပ်ရက်တွေအတွက် နောင်တတွေရနေပါပြီဟာ နင်တို့ ၂ ယောက်ကျေနပ်တဲ့အထိ ငါတောင်းပန်ပါ့မယ် ကျောင်းလဲဆက်တက်လို့ မရတော့ဘူးဆိုတော့
ရန်ကုန်မှာ နေလို့မရတော့ဘူး ငါ့မိဘတွေရှိတဲ့ ရှမ်းပြည်နယ်ကို ငါပြန်ရတော့မယ် လွယ်လွယ်နဲ့ ခွင့်မလွှတ်နိုင်ဘူးဆိုတာ သိပေမယ့်
ငါ့ကိုခွင့်လွှတ်ပေးပါလို့ ပြောပါရစေ
YOU ARE READING
❣May❣ (Complete)
RomansaAuthor အသစ်လေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီးတော့ တောင်းပန်ပါရစေ