Part(10)

32 2 0
                                    

လင်းရောင် တစ်ယောက် လိုင်းဖွင့်ပြီးတော့ Facebook ထဲသို့ ဝင်လိုက်ပါတော့သည် အယ့်အချိန်မှာ Noti တတ်လာတာကို
မြင်ပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြစ်ပေါ်လာတော့သည်

"May Wutt Hmone Thway " accepted  your
Friend request. 

Facebook မှာ မမ နဲ့ Friend ဖြစ်ပြီကွ ပျော်လိုက်တာ
မမ က ငါ့ကို ၇ နာရီလောက်က cb မှာ စာတွေပို့ထားတာပါလား
မမလည်း ငါ့ကို သတိရနေတာများလား အဟိ

7:00 PM
Hi
လင်းရောင် ဒီနေ့ အတန်းမတတ်ဘူးဆို
ဘာကြောင့်လဲတော့မသိပေမယ့် နောက်တစ်ခါ
အတန်းမတတ်ဘဲ မနေနဲ့နော်
အခုမှ ပထမနှစ်ပဲရှိသေးတယ်လေ အကျင့်တွေ မပျက်နဲ့
စာကိုသေချာ ကြိုးစားနော် မမကိုခင်ရင် မမပြောတာကို
နားထောင် လိုင်းပေါ်တတ်ရင် reply ပြန်အုံးနော်

(မမကိုခင်ရင်တဲ့လား ဒီကကောင်ကခင်ရုံတင် မဟုတ်ဘူးဗျ
ခင်ဗျားလေးကို ချစ်နေတာ သူ့ဘက်ကစပြီး စကားတွေပြောထားတော့
အလွမ်းတွေတောင် တစ်ဝက်လောက် ပြေသွားတယ်)

10:10 PM
ဲ့ ဒီနေ့ ကစပြီး မမ ပြောစကားကို နားထောင်ပါ့မယ်
မောင်လေး နောက်နေ့ကစပြီး အတန်းမပျက်တော့ဘူးနော်

၁၀ နာရီကျော်နေပြီကို မမ ကလိုင်းပေါ်မှာ ရှိနေသေးတယ်လား
ငါပြောတာကိုလည်း အခုထိ seen မပြသေးဘူး
မမရယ် ဘာတွေလုပ်နေတာလဲဗျာ လွမ်းလာပြန်ပြီ
အာ ဟုတ်သားပဲ ငါ လိုင်းပေါ်ကနေ ဖုန်းခေါ်ကြည့်ရမယ်

another call. 📲

ဟာကွာ ဘယ်သူနဲ့ဖုန်းပြောနေတာလဲ မမရဲ့ active now က
တစ်ခြားတစ်ယောက်အတွက် ဖြစ်နေခဲ့တာလား 😔

10:15PM
5 မိနစ်တောင်ကြာသွားပြီ ဖုန်းထပ်ခေါ်ကြည့်အုံးမယ် ဒီတစ်ခါခေါ်လို့
မရရင်တော့ အိပ်ရုံပေါ့ကွာ

📞Hello လင်းရောင်

(ဟာ ဖုန်းကိုင်ပြီ ငါ့နှလုံးသားက တစ်နေကုန် တောင့်တနေခဲ့တဲ့ အသံလေးကို အခုတော့ ကြားရပြီ)

📞Hello မမ
အားပြီလား ဖုန်းပြောလို့ ပြီးသွားပြီလား

ဟင် အစထဲက အားတယ်လေ ဘာဖြစ်လို့လဲ ဖြေးဖြေးပြောပါ လင်းရောင်ရယ် ရန်တွေ့နေတာကြရော လန့်လိုက်တာ

❣May❣ (Complete)Where stories live. Discover now