စိုင်းထက်နောင်လည်း ထောင်ကျသွားပြီဆိုတော့ ဝတ်မှုန်တို့ဆေးရုံကိုပြန်ဖို့ ထိုင်ခုံကနေ ထတဲ့အချိန်မှာ စိုင်းထက်နောင်ရဲ့ ဦးလေးရောက်လာခဲ့သည်ဒီက တူမကြီးတို့နဲ့ လေးလေးခဏလောက် စကားပြောချင်လို့ပါ
ဟုတ် ဘာကိစ္စများရှိလို့လဲ မသိဘူး
ဒီလိုပါ လေးလေးက စိုင်းထက်နောင်ရဲ့ ဦးလေးပါ လေးလေးရဲ့
တူလေး ကျူးလွန်ခဲ့တဲ့ လုပ်ရက်တွေ အတွက် တူလေးကိုယ်စား
လေးလေးကပဲ တောင်းပန်ပါတယ်အော် ခင်ဗျားကစိုင်းထက်နောင်ရဲ့ ဦးလေးလား တောင်းပန်တယ်ဆိုတဲ့
စကားနဲ့တင် ကျွန်တော်တို့ကခွင့်လွှတ်ပေးလိုက်ရမှာလား
ဒါဆိုရင် ခင်ဗျားရဲ့ တူကို ကျုပ်ကိုယ်တိုင်သတ်ပြီး ခင်ဗျားကို
တောင်းပန်မယ်ဆိုရင်ရော ခွင့်လွှတ်ပေးနိုင်မှာလားသော်ဇင် လူကြီးကို မရိုင်းရဘူးလေ မမပဲ ပြောလိုက်မယ်နော်
စိုင်းထက်နောင် ရဲ့ မိဘတွေက ရှမ်းပြည်မှာနေတာပါ လေးလေးကတော့ အစထဲက ရန်ကုန်မှာနေတာ
သူ ရန်ကုန်ကိုလာပြီး ကျောင်းလာတတ်တဲ့အချိန်ထဲက လေးလေးက
သူ့ရဲ့ အုပ်ထိန်းသူ နေရာက စောင့်ရှောက်ထားခဲ့တာ
အခုကိစ္စတွေကိုလည်း လေးလေး ဒီနေ့မှသိရတာပါ
ခွင့်မလွှတ်နိုင်တဲ့လုပ်ရက်ကို ကျူးလွန်ခဲ့တယ်ဆိုတာသိပေမယ့်
လေးလေးဘက်က တာဝန်သိစွာနဲ့ သူ့ကိုယ်စားတောင်းပန်တာပါရပါတယ် မဆိုင်တဲ့လူက တောင်းပန်နေတာမျိုးကို မလိုချင်ပါဘူး
သူ ထောင်ကထွက်လာရင်သာ အခုလိုမျိုးတွေ ထပ်မဖြစ်အောင်
လေးလေးဘက်က သေချာ ထိန်းထားပေးပါစိတ်ချပါ လေးလေး ဘက်က သူ့ကိုနိုင်အောင်ထိန်းပါ့မယ်
အခု သူ့ကြောင့်ဒဏ်ရာ ရသွားတဲ့ ကလေးရဲ့ အခြေအနေရောဘယ်လိုရှိလဲဆေးရုံပေါ်မှာပဲ အခုထိ သတိမရသေးဘူး
အခုထိတောင် သတိမရသေးဘူးလား လေးလေး စိတ်မကောင်းလိုက်တာ ဆေးရုံစရိတ်အကုန်လုံးကို လေးလေးဘက်ကပဲ တာဝန်ယူပါရစေ နောက်ပြီးတော့ ကျောင်းကိုသွားပြီးတော့ လေးလေးကိုယ်တိုင် အုပ်ထိန်းသူနေရာကနေ
ဆေးခွင့်တင်ပေးမှာပါ ဒီမှာ လေးလေးရဲ့ လိပ်စာကဒ်
သမီးတို့ အချိန်မရွေးဆက်သွယ်လို့ရတယ်
YOU ARE READING
❣May❣ (Complete)
RomanceAuthor အသစ်လေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီးတော့ တောင်းပန်ပါရစေ